Latest News

Thursday, December 29, 2016

ကရင်နှစ်သစ်ကူးပွဲတော်အတွက် ပေ ၄၀အမြင့်ရှိ ကောက်ရိုးဖြင့် ပြုလုပ်သည့်ရုပ်တုဖန်တီး

ကရင်နှစ်သစ်ကူးပွဲတော်အတွက် ပေ ၄၀အမြင့်ရှိ ကောက်ရိုးဖြင့် ပြုလုပ်သည့်ရုပ်တုဖန်တီး

ဘားအံမြို့၌ ပြုလုပ်မည့် ကရင်အမျိုးသား နှစ်သစ်ကူးပွဲ တော်တွင် အများပြည်သူကြည့်ရှု နိုင်ရန်ကောက်ရိုးဖြင့် ပြုလုပ်ထား သောအမြင့် ပေ ၄၀ရှိ တောင်ယာ လုပ်ငန်းခွင်အတွင်းရှိ ကရင်အဘိုး အိုအရုပ်ကို ပြသထားမည်ဟု သတင်းရရှိသည်။

ကရင်အဘိုးအိုကောက်ရိုး အရုပ်ကို ကရင်နှစ်သစ်ကူးပွဲတော် ဦးဆောင်ကျင်းပသည့်တောင်က လေးဆရာတော်ဦးဆောင်မှုဖြင့် ပွဲတော်ရက်အတွင်း ပြသရန်ပြု လုပ်ခဲ့ပြီး ကောက်ရိုးနှင့် ကော်များအသုံးပြု၍ ရက် ၂၀ကြာပြုလုပ်ခဲ့ ရကြောင်း ယင်းအရုပ်ပြုလုပ်ရာတွင် ပါဝင်သည့်ကိုအေးမြိုင်ကပြောသည်။

ကရင်ရိုးရာဓလေ့အတိုင်း တောထဲတွင်နေထိုင်သည့် ကရင် အဘိုးအိုတစ်ဦး ဟင်းသီးဟင်း ရွက်များပါသော ပလိုင်းလွယ်ကာ တောင်ယာလုပ်ငန်းခွင်မှ အိမ်သို့ ပြန်လာသည့်ပုံကို ကရင်လူမျိုးတို့ ၏ ရိုးရာအားဖော်ကျူးလိုသည့်ရည်ရွယ်ချက်ဖြင့် ဖန်တီးပြုလုပ်ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

‘‘ဒီအရုပ်က တောင်ကလေး ဆရာတော်ဦးဆောင်မှုနဲ့ လုပ်ကြ တာ။ ပုံကိုဆရာတော်ပဲဆွဲပေးပြီး ကျောင်းသားတွေက လုပ်ကြ တာ။ လွန်ခဲ့တဲ့ ငါးနှစ်လောက်က မုဆိုးအရုပ်လုပ်ခဲ့တာရှိပေမယ့် ဒီ အရုပ်လောက်မကြီးဘူး’’ဟု ကို အေးမြိုင်ကပြောသည်။

ကရင်အဘိုးအိုအရုပ်သည် ကရင်ရိုးရာသင်တိုင်းအနီရောင်ဝတ်စုံ ၀တ်ဆင်ထားပြီး ပါးစပ်၌ ဆေးတံကြီးခဲ၍ ဟင်းသီးဟင်းရွက်ထည့်ထားသည့် ပလိုင်းလွယ်ကာ တစ်ဖက်တွင်လည်း တောင်ယာဓားလွယ်လျက် အပြန်ခရီးနှင်နေသည့်ပုံစံဖန်တီးထားခြင်းဖြစ်သည်။

အဆိုပါကရင်အဘိုးအိုအ ရုပ်ကို လူမှုကွန်ရက်တွင်ဖော်ပြခဲ့ရာ ယင်းရုပ်တုလက်ရာကို ချီးကျူးအားပေးမှုများရှိခဲ့သည်။

ယင်းအဘိုးအိုအရုပ်ကို က ရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ပြုလုပ်ရာ ဘားအံမြို့တောင်က လေးကွင်းအလယ်တွင် အများ ပြည်သူကြည့်ရှုနိုင်ရန်ပြသထား မည်ဖြစ်ပြီး ပွဲတော်ရက်ပြီးဆုံးပါ ကလည်း ယင်းနေရာ၌ပင် ဆက်လက်ထားရှိမည်ဟု ၎င်းက ဆိုသည်။

ကရင်အမျိုးသားနှစ်သစ်ကူး ပွဲတော်ကို တောင်ကလေးဆရာ တော်ဒေါက်တာအရှင်ပညာသာ မိက ဦးဆောင်ကာ နှစ်စဉ်ကျင်းပ  ခဲ့ပြီး ဒီဇင်ဘာ ၂၉ရက်မှ ဇန်န၀ါရီ ၃ရက်အထိ ခြောက်ရက်ကြာ ကျင်းပမည်ဖြစ်သည်။

နှစ်သစ်ကူးပွဲတော်တွင် ကရင်အမျိုးသားအလံတော် အလံတင်အခမ်းအနား၊ အမျိုးသားရေးဆိုင်ရာဟောပြောပွဲ၊ ကရင်ရိုးရာဒုံးယိမ်းအကနှင့် ဖျော်ဖြေပွဲ၊ ကရင့်အမျိုးသားရေးဆိုင်ရာပြခန်း၊ ရိုးရာလက်ဝှေ့၊ ကရင်အနုသုခုမသဘင်နှင့် ပျော်ပွဲရွှင်ပွဲများပြုလုပ် မည်ဟု သိရသည်။

Sources; 7Day

No comments:

Post a Comment