Latest News

Friday, December 23, 2016

ရခိုင်တိုင်းရင်းသားများ နေရပ်စွန့်ခွာစေရန် ရည်ရွယ်၍ အကြမ်းဖက်မှုများ လုပ်ဆောင်ဟုဆို

ရခိုင်တိုင်းရင်းသားများ နေရပ်စွန့်ခွာစေရန် ရည်ရွယ်၍ အကြမ်းဖက်မှုများ လုပ်ဆောင်ဟုဆို

မောင်တော၊ ဒီဇင်ဘာ ၂၂

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများသည် ဒေသတွင်း အုပ်ချုပ်ရေးယန္တရား ပျက်ယွင်းပြီး ဒေသခံ တိုင်းရင်းသားများ မနေထိုင်ဝံ့ဘဲ နေရပ်စွန့်ခွာစေရန် ရည်ရွယ်လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်ကြောင်း မောင်တောမြို့ အမှတ် ၁ နယ်ခြားစောင့် ရဲကွပ်ကဲမှုအဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ် သူရစန်းလွင်က ပြောကြားသည်။

မောင်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများနှင့် ပတ်သက်၍ ဒီဇင်ဘာလ ၁၆ ရက်နေ့အထိ ဘင်္ဂါလီ ၆၀၉ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

အကြမ်းဖက်မှု ကျူးလွန်သူ အများစုသည် အကြမ်းဖက်သင်တန်း တက်ရောက်ထားသူများ ဖြစ်ကြပြီး ကျေးရွာများရှိ ဘင်္ဂါလီများကို စည်းရုံးထားကြောင်း ရဲမှူးချုပ် သူရစန်းလွင်က ကျီးကန်းပြင် နယ်ခြားစောင့် ရဲကွပ်ကဲမှု ဌာနချုပ်တွင် ဒီဇင်ဘာလ ၂၁ ရက်နေ့က မောင်တောမြို့သို့ ရောက်ရှိနေသည့် ပြည်တွင်းပြည်ပ သတင်းမီဒီယာသမားများနှင့် တွေ့ဆုံရှင်းလင်းပွဲအတွင်း ပြောဆိုခဲ့သည်။

မောင်တောမြို့နယ်အတွင်း အကြမ်းဖက်မှုတွင် ပါဝင်သူ အများစုသည် ပြစ်ဒဏ်များကြောင့် ထွက်ပြေးတိမ်းရှောင်သူ အများစု ပါဝင်နေကြောင်း မောင်တောမြို့ မြို့မတောင်ရပ်ကွက်မှ အစ္စလာမ်ဘာသာဝင် ဦးလှသိန်းက ပြောကြားသည်။

R-04

Sources ; The Voice

No comments:

Post a Comment