Latest News

Tuesday, December 20, 2016

ပည်တွင်း ပြည်ပ သတင်းမီဒီယာများ ဘူးသီးတောင်မြို့သို့ ရောက်ရှိ

ပြည်တွင်း ပြည်ပ သတင်းမီဒီယာများ ဘူးသီးတောင်မြို့သို့ ရောက်ရှိ



ဘူးသီးတောင်  ဒီဇင်ဘာ ၂၀

ယနေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် မြေပြင်ကွင်းဆင်းလေ့လာသည့် ပြည်တွင်း ပြည်ပ မီဒီယာ အဖွဲ့သည် မွန်းလွဲ ၁၃း၃၅  အချိန်တွင် ဘူးသီးတောင်မြို့ ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်၍ ဆေးဝါးကုသမှု ခံယူနေသည့် လူမျိုးဘာသာမရွေး လူနာများထံ သွားရောက်ပြီး သတင်းမှတ်တမ်းယူခဲ့သည်။

ဆက်လက်၍ ကျား/မ လူနာဆောင်များ၊ သားဖွားဆောင်များ၊ ပြင်ပလူနာဌာနနှင့် သင်တန်းခန်းမ ဓါတ်ခွဲခန်း စသည့်နေရာများသို့ မွန်းလွဲ ၁၃း၃၅  အချိန်မှ ၁၄း၃၀ အထိ ကွင်းဆင်းလေ့လာခဲ့သည်။

မြေပြင်ကွင်းဆင်းလေ့လာသည့် မီဒီယာအဖွဲ့သည် မွန်းလွဲ ၁၄း၄၅ အချိန်တွင် ဘူးသီးတောင်မြို့ အထက ကျောင်းသို့ သို့ရောက်ရှိပြီး ဈေးသို့ ဆက်လက်ထွက်ခွာခဲ့သည်။

ထို့နောက် မွန်းလွဲ ၁၄း၅၀ အချိန်တွင် ဘူးသီးတောင်မြို့ စည်ပင်သာယာရေး ဈေးကြီးသို့ ရောက်ရှိပြီး  မောင်တောမြို့သို့ ညနေ ၁၇း၃၀ အချိန် တွင် ဆက်လက် ထွက်ခွာခဲ့သည်။ ညနေ ၁၈း၂၀ အချိန်တွင် မောင်တောမြို့သို့ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။

Sources ; MOI

No comments:

Post a Comment