Latest News

Sunday, December 18, 2016

စားဝတ်နေရေး အဆင်မပြေခြင်းသည် အရွယ်မတိုင်မီ ကလေးငယ်များ လုပ်ငန်းခွင်သို့ရောက်ရှိစေသည့်အချက်ဖြစ်ကြောင်း စစ်တမ်းတစ်စောင်က ဖော်ပြ

စားဝတ်နေရေး အဆင်မပြေခြင်းသည် အရွယ်မတိုင်မီ ကလေးငယ်များ လုပ်ငန်းခွင်သို့ရောက်ရှိစေသည့်အချက်ဖြစ်ကြောင်း စစ်တမ်းတစ်စောင်က ဖော်ပြ


မန္တလေးတိုင်းရှိ ကလေးလုပ်သားများ၏ ၈၄ ရာခိုင်နှုန်း သည် မူလတန်းနှင့် အလယ်တန်းပညာအဆင့်တို့ဖြင့် ကျောင်းထွက်ခဲ့ပြီး မိသားစုစားဝတ်နေရေး အဆင်မပြေခြင်းသည် ၎င်းတို့ကို အရွယ်မတိုင်မီ လုပ်ငန်းခွင်သို့ ရောက်ရှိစေသည့် အဓိကအချက် ဖြစ်နေသည်ကို တွေ့ရကြောင်းကလေးသူငယ်အခွင့်အရေးဆိုင်  ရာ လုပ်ငန်းများ ဆောင်ရွက်သည့် ဒုတိယရေသောက်မြစ်အဖွဲ့ စစ်တမ်းကောက်ယူမှုအရ     သိရ သည်။

ဒီဇင်ဘာ ၁၇ ရက်က မန္တ လေးမြို့တွင် ပြုလုပ်သည့် ကလေးလုပ်သားများ၏ ဘဝသရုပ်မှန်ကို လေ့လာဆန်းစစ်ခြင်း ဆွေးနွေးပွဲ ၌ ၎င်းတို့ ကောက်ယူထားသည့် သုတေသနစစ်တမ်းကို တိုင်း အစိုးရအဖွဲ့နှင့် ကလေးသူငယ် ဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်း များထံ တင်ပြခြင်းဖြစ်သည်။

‘‘လုပ်ငန်းခွင်ရောက်နေတဲ့ ကလေးလုပ်သားတွေရဲ့ အသံကို မေးမြန်းပြီး သူတို့ရဲ့ လက်ရှိ မိသားစုအခြေအနေရယ်၊ မြန်မာ နိုင်ငံရဲ့ အခြေအနေပေါ်မှာ တင် ပြထားတာပါ။ ဒီကရလာတဲ့ အ ချက်အလက်တွေရယ်၊ ဆွေးနွေး ပွဲကရလာတဲ့ အချက်အလက် တွေ စုစည်းပြီးတော့ တိုင်းလွှတ် တော်နဲ့ အစိုးရအဖွဲ့ဆီကို အစီရင် ခံစာတစ်ခုအနေနဲ့ ပေးပို့သွားမှာ ဖြစ်ပါတယ်’’ဟု ဒုတိယရေ သောက်မြစ်အဖွဲ့ တည်ထောင် သူ ကိုအောင်သူရက ပြောသည်။

ဒုတိယရေသောက်မြစ်အဖွဲ့ သည် မန္တလေးမြို့ရှိ မြို့နယ်ခုနစ် ခုမှ အသက် (၁၈)နှစ်အောက် ကလေးလုပ်သားနှစ်ရာအား စစ် တမ်းကောက်ယူရာတွင် မူလ တန်းအဆင့်သာ ကျောင်းတက်ဖူး သူ ၃၈ ရာခိုင်နှုန်း၊ အလယ်တန်း အဆင့်အထိ ကျောင်းတက်ဖူးသူ ၄၆ ရာခိုင်နှုန်း၊ အထက်တန်းအ ဆင့်အထိ ကျောင်းတက်ဖူးသူ ၉ ရာခိုင်နှုန်း၊ ဘုန်းကြီးကျောင်း ပညာရေးတက်ဖူးသူ ၃ ရာခိုင်နှုန်း နှင့် ကျောင်းလုံးဝမတက်ဖူးသူ ၄ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

စစ်တမ်းကောက်ယူရာတွင် ကလေးငယ်များ၏ ဖြေကြားချက် အရ ၇၀ ရာခိုင်နှုန်းခန့်သည် မိသား စု စားဝတ်နေရေး အဆင်မပြေ၍ ကျောင်းဆက်မတက်ဘဲ အလုပ် လုပ်နေရကြောင်း ဒုတိယရေ သောက်မြစ်အဖွဲ့က ဆိုသည်။

‘‘မိသားစု စားဝတ်နေရေးနဲ့ ပတ်သက်ပြီး သူတို့မိဘတွေဟာ နှစ်လုံး၊ သုံးလုံးလိုမျိုး ငွေရလွယ် တဲ့ လမ်းတွေကို လိုက်ရင်းနဲ့ သူ တို့ဘဝ နစ်မွန်းသွားရတာတွေကို လည်း တွေ့ရပါတယ်။ အဲဒီလို လောင်းကစားမှုတွေနဲ့ပတ်သက် ပြီး လက်ခွဲလေးတွေပဲ ဖမ်းမိပြီး ဒိုင်ချုပ်တွေက လွတ်နေတာမျိုးကို ထိရောက်စွာ အရေးယူသွားဖို့ လုပ်နေသလို ကလေးလုပ်သား တွေအတွက် အလုပ်လုပ်နေရင်း ကျောင်းတက်လို့ရအောင် ကျောင်းပြင်ပ ပညာရေးစနစ်ကို လည်း စပြီးတော့ ဖော်ဆောင်နေ ပြီဖြစ်ပါတယ်’’ဟု မန္တလေးတိုင်း အစိုးရအဖွဲ့မှ တိုင်းရင်းသားရေး ရာဝန်ကြီး ဦးစိုင်းကျော်ဇာက ပြောကြားသည်။

အဆိုပါ ဆွေးနွေးပွဲ၌  မန္တ လေးတိုင်း အစိုးရအဖွဲ့ တာဝန်ရှိ သူများ၊ ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ် စားလှယ်များနှင့် အရပ်ဘက် အဖွဲ့အစည်းများက တက်ရောက် ဆွေးနွေးခဲ့ကြသည်။


Sources ; 7Day News Journal


No comments:

Post a Comment