Latest News

Tuesday, December 20, 2016

အမေရိကန် မောင်းသူမဲ့ ရေအောက်လေ့လာရေးယာဉ်ကို တရုတ် ပြန်လည်ပေးအပ်

အမေရိကန် မောင်းသူမဲ့ ရေအောက်လေ့လာရေးယာဉ်ကို တရုတ် ပြန်လည်ပေးအပ်

နှစ်နိုင်ငံကြား ရင်းနှီးစွာ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီးနောက် မောင်းသူမဲ့ ရေအောက်လေ့လာရေးယာဉ်ကို ပြန်လည်ပေးအပ်ခဲ့ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
 
တရုတ်ရေတပ်က ရယူသွားခဲ့တဲ့ အမေရိကန် မောင်းသူမဲ့ ရေအောက်လေ့လာရေးယာဉ် ကို ပြန်လည် ပေးအပ်လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။ တရုတ်ရေတပ်က အမေရိကန်ရဲ့ မောင်းသူမဲ့ ရေအောက်လေ့လာရေးယာဉ်ကို တောင်တရုတ်ပင်လယ်ပြင်အတွင်း ဒီဇင်ဘာ ၁၅ ရက်က ထိန်းသိမ်းရယူသွားခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန် မောင်းသူမဲ့ ရေအောက်လေ့လာရေးယာဉ်ကို တရုတ်သိမ်းယူခဲ့မှု

တရုတ်နဲ့ အမေရိကန် နှစ်နိုင်ငံကြား ရင်းနှီးစွာ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီးနောက် မောင်းသူမဲ့ ရေအောက်လေ့လာရေးယာဉ်ကို ယနေ့ (ဒီဇင်ဘာ ၂၀ ရက်) ပြန်လည်ပေးအပ်ခဲ့ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ မောင်းသူမဲ့ ရေအောက် လေ့လာရေးယာဉ်ကို ဒုံးကျည်ဖျက်သင်္ဘော USS Mustin ထံသို့ တရုတ်ရေတပ်က ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်ကလည်း သတင်းထုတ်ပြန်ပါတယ်။

အမေရိကန်က ၎င်းတို့ရဲ့ မောင်းသူမဲ့ ရေအောက်လေ့လာရေးယာဉ်ကို တရုတ်ရေတပ်က အပြည်ပြည်ဆိုင်ရာ ရေပိုင်နက်အတွင်း ဥပဒေမဲ့ သိမ်းယူသွားခဲ့ဖြစ်ကြောင်း ဝေဖန်ပြောကြားထားခဲ့ပါတယ်။ အဆိုပါ ရေအောက်လေ့လာရေးယာဉ်ကို ပင်လယ်သမုဒ္ဒရာဆိုင်ရာ သုတေသနသင်္ဘော USNS Bowditch မှ ပြန်လည်ဆယ်ယူခါနီးမှာ တရုတ်ရေတပ်က ထိန်းသိမ်းရယူသွားခဲ့တယ်လို့ ဆိုပါတယ်။

'naval glider' လို့ အမည်ပေးထားတဲ့ ရေအောက် လေ့လာရေးယာဉ်ဟာ ပင်လယ်သမုဒ္ဒရာအတွင်း ဆားဓာတ်ပါဝင်မှုနဲ့ အပူချိန်ကို စမ်းသပ်လေ့လာရန် တရားဝင်လုပ်ငန်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်း အမေရိကန်က ပြောပါတယ်။ တောင်တရုတ်ပင်လယ်ပြင်အတွင်း ဆူးဘစ်ပင်လယ်အော်ရဲ့ အနောက်မြောက်ဘက် မိုင် ၅၀ ခန့်အကွာမှာ တရုတ်က ထိန်းသိမ်းရယူသွားခဲ့ကြောင်း သိရပါတယ်။

Source & Photo: CNN, Reuters, Duwun
 

No comments:

Post a Comment