Latest News

Thursday, December 22, 2016

စစ်တပ်က တရားစွဲထားသည့် တောင်သူ ၇၂ ဦးကို အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁ လစီအမိန့်ချ


စစ်တပ်က တရားစွဲထားသည့် တောင်သူ ၇၂ ဦးကို အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁ လစီအမိန့်ချ



ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ် ကွန်လုံကျေးရွာအုပ်စု ရေပူကျေးရွာ တောင်သူ ၉၆ ဦးကို ပုဒ်မ ၄၄၇၊ ၄၂၇ နဲ့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်က တရားစွဲထားတာကို ဒီဇင်ဘာ ၂၂ ရက်နေ့က တောင်ကြီးမြို့နယ်တရားရုံးမှာ အမိန့်ချလိုက်တာဖြစ် ပါတယ်။

တောင်သူ မ ၃၂ ဦး ကျား ၄၀ ဦးကို ထောင်ဒဏ်တလစီချလိုက်ပြီး အသက် ၇၀ ကျော် တောင်သူ ၅ ဦးကို ငွေဒဏ် ၂ သောင်းနဲ့ အသက်မပြည့်တဲ့မိန်းကလေး ၁ ဦးကို ငွေဒဏ် ၅၀၀ နဲ့ တောင်ကြီးမြို့နယ်တရားရုံက အမိန့်ချလိုက်ပါတယ်။

တောင်သူ ၉၆ ဦးမှာ ၃ ဦးက တရားခွင်မှာပျက်ကွက်တဲ့အတွက် တရားရုံးက တရားခံပြေးဖြင့် အမိန့်ချလိုက်တာဖြစ်ပါတယ်။

တောင်သူ ၉၆ ဦး ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၀၁၅ နဲ့ ဩဂုတ်လ ၂၀၁၆ ခုနှစ်က ပုဒ်မ ၄၄၇၊ ၄၂၇ အကျိုးဖျက်ဆီးမှုနဲ့ ပိုင်နက်ကျူးကျော်မှုနဲ့ အမှုပေါင်း ၂၂ မှု၊ ရုံးချိန်းပေါင်း ၄၁ ချိန်းကို တကြိမ်တည်း အမိန့်ချတာဖြစ်ပါတယ်။


Sources : ခွန်ရာဇာ DVB

No comments:

Post a Comment