Latest News

Monday, December 5, 2016

ရန်ကုန်မြို့မှာ နှစ်ရက်ကို လူတစ်ဦးနှုန်း အသတ်ခံနေရ

ရန်ကုန်မြို့မှာ နှစ်ရက်ကို လူတစ်ဦးနှုန်း အသတ်ခံနေရ

မှုခင်းဖြစ်ပွားတဲ့နှုန်းတွေမြင့်တက်နေတဲ့ ရန်ကုန်တိုင်းဒေသကြီးမှာ နှစ်ရက်ကို လူတစ်ဦးနှုန်းအသတ်ခံနေရတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့တဲ့ စာရင်းတွေအရသိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးထဲမှာ ၂၀၁၆ ခုနှစ် ဇန်န၀ါရီလကနေ အောက်တိုဘာလ ၃၀ ရက်နေ့အထိ ၁၁လအတွင်း လူသတ်မှု ၁၆၈ မှုဖြစ်ပွားခဲ့လို့ ဒီပမာဏက နှစ်ရက်မှာ လူတစ်ဦးနှုန်းအသတ်ခံနေရတာဖြစ်ပြီး နိုဝင်ဘာလ တစ်လထဲမှာပဲ လူသတ်မှု ၂၅ မှုအထိ စံချိန်တင်ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

"လူသတ်မှုဖြစ်စဉ်အများစုက အရက်သေစာသောက်စားပြီး စကားများရန်ဖြစ်ပြီး ဖြစ်တဲ့အမှုတွေက များတယ်။ ပြစ်မှုဖြစ်စဉ် အများစုကို ဖော်ထုတ်အရေးယူနိုင်ခဲ့ပြီး မပေါ်သေးတဲ့ အမှုဖြစ်စဉ်တွေကိုလည်း ရဲတပ်ဖွဲ့နဲ့ စီအိုင်ဒီတို့ ပူးပေါင်းပြီး စစ်ဆေးနေပါတယ်"လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အရာရှိတစ်ဦးက ပြောပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်က လူသတ်မှုပေါင်း ၁၉၀ အထိဖြစ်ခဲ့ပြီး မဖော်ထုတ်နိုင်တဲ့အမှု တစ်မှုတည်းရှိခဲ့ပြီး ဒီနှစ်ထဲမှာ မဖော်ထုတ်နိုင်တဲ့ အမှုတွေက ပိုမိုများပြားလာပြီး ရဲတပ်ဖွဲ့ဝင်အင်အားနည်းပါးမှုနဲ့ နည်းပညာအခက်အခဲတွေကြောင့် ရန်ကုန်မြို့ကို ဒုစရိုက်မှု့ကင်းမဲ့တဲ့ မြို့ဖြစ်အောင်မလုပ်နိုင်သေးဘဲ ပြည်သူတွေအနေနဲ့လည်း ပူးပေါင်းပါဝင်သင့်တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အရာရှိတစ်ဦးက ပြောပါတယ်။
Source : The Voice & Duwun

No comments:

Post a Comment