Latest News

Thursday, December 29, 2016

ဒီဇင်ဘာ ၃၁ တွင် စကြ၀ဋ္ဌာနာရီများ၌ တစ် စက္ကန့်  ထပ်တိုးမည်

ဒီဇင်ဘာ ၃၁ တွင် စကြ၀ဋ္ဌာနာရီများ၌ တစ် စက္ကန့်  ထပ်တိုးမည်

ကမ္ဘာကြီးသည် ထုထည်ကြီးမားသော်ငြားပင်လယ်သမုဒ္ဒရာဒီရေတို့ ၏အရှိန်ကြောင့် အရှိန်တုန့် နှေးသွားလေ့ရှိရာ နှစ်ပေါင်း ၁၀၀ အတွင်းတစ်ရက်လျင် ၂မီလီ စက္ကန့် နှုန်းအရှိန်တန့် လျက်လည်ပတ်လာခဲ့သဖြင့် စကြ၀ဋ္ဌာအက် တမ် နာရီများနှင့် အချိန်ကိုက်ညီမှုမရှိတော့သည့်အတွက် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက် ည ၁၂ နာရီတိတိတွင်
နာရီများမှာ ၅၉ စက္ကန့် ပြီးလျင် သုညသုညပြမည်မဟုတ်ဘဲ ၅၉ စက္ကန့် ပြီးလျင် ၆၀၊ ထိုမှ သုညသုညဆက်လက် ပြသသွားကာအချိန်ကိုတစ်က္ကန့် စောင့်ဆိုင်းစေမည်ဖြစ်ကြောင်းသိရသည်။ ကမ္ဘာကြီးဟာထုထည်ကြီးမားလှတယ်ဆိုပေမယ့်လည်းပင်လယ်သမုဒ္ဒရာတွေရဲ့ ဒီလှိုင်းအတက်အကျတွေကြောင့် တစ်ရက်ကို နှစ်မီလီစက္ကန့် လောက်တော့ တုန့် သွားလေ့ရှိပါတယ်။ နှစ်ပေါင်းကြာမြင့်လာတဲ့အခါ ကမ္ဘာလည်ပတ် တဲ့နှုန်းနဲ့  ၂၄ နာရီပြည့်တာနဲ့  စကြ၀ဋ္ဌာထဲပို့ ထားတဲ့ အက်တမ်နာရီတွေရဲ့  ၂၄ နာရီပြည့်တာနဲ့ က မကိုက်တော့ ပါဘူး။ အဲဒါကြောင့် စကြ၀ဋ္ဌာစံတော်ချိန်ကို တစ်စက္ကန့် စောင့်ဆိုင်းစေရခြင်းဖြစ်ပြီးအချိန်နာရီမှာတစ်စက္ကန့် တိုးထည့်ရခြင်းဖြစ်ပါတယ်ဟုသုတေသီတစ်ဦးကပြောပြသည်။ လွန်ခဲ့တဲ့ရာစုနှစ်ဝက်လောက်ကတည်းက သိပ္ပံပညာရှင်တွေကအချိန်ကိုနက္ခတ်တာရာအပေါ်အခြေခံတွက်ချက် ခြင်းမပြုဖို့  သဘောတူညီခဲ့ကြပါတယ်။ အဲဒီအချိန်ကတည်းကစပြီးအက်တမ်နာရီတွေကိုပဲအသုံးပြုပြီးတော့ တစ်စက္ကန့် ဆိုတဲ့အကြာကိုဖော်ပြခဲ့ကြပါတယ်ဟုသုတေသီတစ်ဦးကပြောပြသည်။ အမှန်ပင် ၁၉၆၇ အောက်တိုဘာ က ကျင်းပခဲ့သော ၁၃ ကြိမ်မြောက် အလေးချိန်နှင့်တိုင်းတာမှုဆိုင်ရာအထွေထွေညီလာခံကြီးကတစ်စက္ကန့်  ကိုအက်တမ်တုန်ခါမှု ၉၁၉၂၆၃၁၇၇၀ နှင့်ညီမျှသည်ဟုသတ်မှတ်ခဲ့ကြောင်းသိရသည်။ သို့ သော် ကမ္ဘာ၏လည်ပတ်နှုန်းသည် တစ်ရက်လျင် ၂ မီလီစက္ကန့် တုန့် နှေးလေ့ရှိသည့်အတွက် ရက်ပေါင်း ၅၀၀ ပြည့်တိုင်းအချိန်ကိုတစ်စက္ကန့် ရပ်ပေးရလေ့ရှိကြောင်း၊ တစ်နည်းအားဖြင့် စကြ၀ဋ္ဌာအက်တမ်နာရီတွင် အချိန် တစ်စက္ကန့် တိုးထည့်ပေးရခြင်းဖြစ်ကြောင်းသိရသည်။

Sources; ရတနာပုံ သတင်းစာ

No comments:

Post a Comment