Latest News

Thursday, December 29, 2016

ကန့်ကွက်မှုကြောင့် သက်တမ်းရင့်အပင် ၅၀၀ ကျော်အနက် နှစ်ရာလျှော့ခုတ်မည်

ကန့်ကွက်မှုကြောင့် သက်တမ်းရင့်အပင် ၅၀၀ ကျော်အနက် နှစ်ရာလျှော့ခုတ်မည်

မကွေး၊ ဒီဇင်ဘာ၂၉

မကွေး- ကျောက်ပန်းတောင်း လမ်းမကြီး အဆင့်မြှင့်တင်ရာတွင် လမ်းနှင့်မလွတ်သည့် သက်တမ်းရင့် အပင်ကြီး ၅၀၃ ပင်ကို ခုတ်လှဲမည်ကို ကန့်ကွက်မှုများ ရှိနေခြင်းကြောင့် အပင်နှစ်ရာကျော်ကို လျှော့ခုတ်မည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ပို့ဆောင် ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦးက ပြောကြားသည်။

ယခင်ကလမ်းမကြီးကို အဆင့်မြှင့်တင်ရာတွင် လမ်းအကျယ် ၃၄ ပေအထိ တိုးချဲ့ ဆောင်ရွက်မည်ဖြစ်ပြီး လမ်းနှင့် မလွတ်သည့် သစ်ပင်ပေါင်း ၅၀၃ ပင်ကို ခုတ်လှဲမည့်အပေါ် ဒေသခံများနှင့် တိုင်းဒေသကြီး အတွင်းရှိ အရပ်ဘက် လူမှုအဖွဲ့အစည်း ပေါင်းစုံ စုပေါင်းကာ Stop- Cutting -503 လှုပ်ရှားမှုဖြင့် ကန့်ကွက်ခဲ့ကြောင်း ဦးဆောင်လှုပ်ရှားသူ ဦးကျော်ကိုကိုရှိန်က ပြောဆိုသည်။

“တိုင်းဒေသကြီးအဆင့် သဘာဝ သယံဇာတနဲ့ သစ်တောဝန်ကြီး အပါအဝင် ပို့ဆောင် ဆက်သွယ်ရေး ဝန်ကြီးတို့နဲ့ ကျွန်တော်တို့အဖွဲ့ တွေ့ဆုံခဲ့တယ်။ အဲဒီလမ်းမကြီး တစ်လျှောက်ကို စနစ်တကျ လေ့လာ ညှိနှိုင်းခဲ့ရာက အခုရလာဒ်တွေ ထွက်ပေါ်လာတာပဲ”ဟု ၎င်းက ဆိုသည်။

အဆိုပါလမ်းမကြီး၏ လမ်းဘေးဝဲယာတစ်လျှောက် လမ်းနယ်နှင့် မလွတ်သည့် အပင်ပေါင်း ၅၀၃ ပင်အနက် လုံးပတ် ၆ ပေ ခန့်ရှိသည့် အပင် ၁၀ ပင်ခန့်နှင့် လုံးပတ် ၂ ပေဝန်းကျင်ရှိ အပင်အချို့သာ ပါဝင်တော့မည်ဖြစ်ပြီး ညောင်မုတ်ဆိတ်ပင်များကို ခုတ်လှဲတော့မည် မဟုတ်သော်လည်း လမ်းနှင့်မလွတ်သည့် ညောင်မုတ်ဆိတ်ကိုင်းများကိုမူ ဖြတ်တောက်ခွင့် ပေးခဲ့ကြောင်း ဝန်ကြီး ဦးတင်နွယ်ဦးက ပြောဆိုသည်။

R-02

Sources; the voice

No comments:

Post a Comment