Latest News

Monday, December 19, 2016

ရခိုင်ပြည်နယ် အရေးနဲ့ပတ်သက်ပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ သဘောတူညီခဲ့တဲ့ အချက် နှစ်ချက်


ရခိုင်ပြည်နယ် အရေးနဲ့ပတ်သက်ပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ သဘောတူညီခဲ့တဲ့ အချက် နှစ်ချက်

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဆီက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို ဝင်ခွင့်ပြုဖို့ မြန်မာက ကတိပြုခဲ့တယ်။
 
လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေကို  ခွင့်ပြုမှာဖြစ်ပြီး  ရခိုင်ပဋိပက္ခနဲ့ ပတ်သက်လို့ အာဆီယံနိုင်ငံတွေကို  အချိန်နဲ့ တစ်ပြေးညီ သတင်းမျှဝေအသိပေးမှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကို  ဒီဇင်ဘာ ၁၉ ရက်မှာ တွေ့ဆုံကတိပေးခဲ့တယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဟာ  ရန်ကုန်မြို့မှာ တံခါးပိတ်ဆွေးနွေးခဲ့ကြတာဖြစ်ပြီး ရခိုင်အရေးနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်းပြောကြားခဲ့ကာ ထိုကဲ့သို့ ကတိပေးခဲ့တာဖြစ်ပါတယ်။

အရေးကြီးဆုံး အချက်နှစ်ချက်ကို ရရှိခဲ့တာဖြစ်ပြီး ပထမတစ်ခုကတော့ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေကို မြန်မာက အချိန်နဲ့တစ်ပြေးညီ သတင်းတွေ မျှဝေအသိပေးမယ် ဆိုတာဖြစ်ကာ ဒုတိယတစ်ခုကတော့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဆီက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို ဝင်ခွင့်ပြုဖို့ မြန်မာက ကတိပြုခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရတ္တနိုမာဆူဒီက ပြောကြားပါတယ်။

ရခိုင်ပြည်နယ်ရှိ လူ့အဖွဲ့အစည်းတွေကြား သဟဇာတရှိစွာနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး၊ အရပ်သားပြည်သူတွေရဲ့ လူ့အခွင့်အရေးကာကွယ်ပေးရေးနဲ့ ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာ ထောက်ထားမှု အကူအညီနဲ့ ကျန်းမာရေးစောင့်ရှောက်မှု တိုးမြှင့်ပေးရေး နည်းလမ်းတွေကို အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက အကြံပြုဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

Sources : 7Day Daily :Duwun
 

No comments:

Post a Comment