Latest News

Friday, December 9, 2016

ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေရမ်းကားရင် ပိုင်ရှင်ပါ အရေးယူမယ်

ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေရမ်းကားရင် ပိုင်ရှင်ပါ အရေးယူမယ်

မော်တော်ယာဉ်တွေရဲ့လုပ်ငန်းလိုင်စင်ကို ပြစ်မှုအလိုက်အရေးယူသွားမယ်လို့ ဆိုပါတယ်။
     
ရန်ကုန်တိုင်းဒေသကြီးထဲမှာ ပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေရဲ့ ရမ်းကား၊ ရိုက်နှက်အနိုင်ကျင့်တာတွေကို အရေးယူရင် ယာဉ်ပိုင်ရှင်တွေကိုပါ အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ ရန်ကုန်တိုင်း လျှပ်စစ်စက်မှုလက်မှုနဲ့လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ဒီဇင်ဘာလ ၁၁ ရက်နေ့က ကျင်းပခဲ့တဲ့ တိုင်းဒေသကြီး လွှတ်တော်မှာပြောကြားလိုက်ပါတယ်။

မင်္ဂလာတောင်ညွှန့်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ယာဉ်မောင်း ယာဉ်နောက်လိုက်တွေရဲ့ ရမ်းကားမှုတွေကို အရေးယူဖို့ ဆောင်ရွက်နေတဲ့ အစီအစဉ်ကို မေးမြန်းခဲ့ရာမှာ ဒေါ်နီလာကျော်က အခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။

လောလောဆယ်မှာတော့ ယာဉ်မောင်းယာဉ်နောက်လိုက်တွေနဲ့ ပိုင်ရှင်တွေကို ပြစ်မှုအလိုက် တိုးမြှင့်အရေးယူဖို့ ဥပဒေ၊လုပ်ထုံး လုပ်နည်းတွေကို ပြည်ထောင်စုအစိုးရကိုတင်ပြထားတယ်လို့ ဆိုပါတယ်။

ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေက ၀င်ငွေတွေကို ပြည့်မှီအောင်ရရှိဖို့အတွက် လောဘနဲ့ တစ်ဦးနဲ့တစ်ဦးအပြိုင်အဆိုင် မောင်းနှင်တာကနေ ပြဿနာတွေဖြစ်လာလို့ မော်တော်ယာဉ်တွေရဲ့လုပ်ငန်းလိုင်စင်ကို ပြစ်မှုအလိုက် ကာလအပိုင်းအခြားနဲ့ အရေးယူဆောင်ရွက်သွားမယ်လို့လည်း ဒေါ်နီလာကျော်က ပြောခဲ့ပါတယ်။
Source : 7DayTV & Duwun

No comments:

Post a Comment