Latest News

Wednesday, December 7, 2016

၁ ပတ်အတွင်း ဆန်ကြမ်းဈေး ၁ အိတ် ၅၀၀ နှင့် ၁၀၀၀ ကြားတက်

၁ ပတ်အတွင်း ဆန်ကြမ်းဈေး ၁ အိတ် ၅၀၀ နှင့် ၁၀၀၀ ကြားတက်

ဒီတပတ်အတွင်းမှာ ဆန်ကြမ်းဈေးတွေ တအိတ်ကို ငါးရာကနေ တထောင်ကြား တက်သွားတယ်လို့  မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် နေ့စဉ်ပေါက်ဈေးစာရင်းတွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ အပတ်က တအိတ်ကို အနိမ့်ဆုံး တသောင်းရှစ်ထောင်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဒီတပတ်မှာ တသောင်းကိုးထောင်ထိ တက်သွားတာဖြစ်ပါတယ်။

ပေါ်ဆန်း ဆန်အမျိုးအစားတွေကတော့ တအိတ်ကို သုံးသောင်းကနေ လေးသောင်းခွဲထိ ပုံမှန်ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေတာပါ။

ပုံမှန်အားဖြင့် ဆန်ကြမ်းကို ပြည်ပကို အများဆုံးတင်ပို့တာ များပြီး ပြည်တွင်းမှာ အနည်းအကျဉ်းပဲ စားသုံးပါတယ်။
ဒီဗွီဘီ

No comments:

Post a Comment