Latest News

Wednesday, December 7, 2016

ကြံခိုင်ရေး ပါတီနှင့်မဟာမိတ်အဖြစ်မှ ရပ်ဆဲ

ကြံ့ခိုင်ရေးပါတီနှင့် မဟာမိတ်အဖြစ်မှ ရပ်စဲ

ကချင်ပြည်နယ် အတွင်းရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် မဟာမိတ်အဖြစ်မှ ရပ်စဲ၍ သီးခြားပြည်နယ်ပါတီ အဖြစ် ရပ်တည်သွားမည် ဖြစ်ကြောင်း စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်) ဥက္ကဋ္ဌ ဦးခက်ထိန်နန်က ပြောကြားသည်။

မြစ်ကြီးနားမြို့ရှိ ပါတီဗဟိုရုံးချုပ်တွင်
ယနေ့ (ဒီဇင်ဘာ ၈ ရက်) နံနက်ပိုင်းက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“ပါတီကို စဖွဲ့တုန်းက နိုင်ငံရေးအခြေနေအရ မဟာမိတ်ပါတီအဖြစ် ဖွဲ့စည်းခဲ့လို့ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ် ဝင်ရောက်ယှင်ပြိုင်မှုမှာ အကန့်အသတ် ဖြစ်စေတယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းအဖြစ် လေးဦးသာ ယှဉ်ပြိုင်ခွင့် ရခဲ့ကြောင်း၊ ကိုယ်စားလှယ်အင်အား နည်းခြင်းကြောင့် ပါတီ၏ ပြည်နယ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ မဆောင်ရွက်နိုင်ခြင်းကြောင့် ပြည်နယ်ပါတီတစ်ခု အဖြစ် သီးခြားရပ်တည်သွားတော့မည် ဖြစ်ကြောင်း ဦးခက်ထိန်နန်က ဆက်လက်ပြောကြားသည်။
ဓာတ်ပုံ - ရန်ကောင်း
The Voice

No comments:

Post a Comment