Latest News

Friday, December 23, 2016

မိုးကုတ်မှာ သုံးနှစ်အရွယ် မိန်းကလေးတစ်ဦးကို လူငယ်တစ်ဦးက အဓမ္မပြုကျင့်ရန် ကြံစည်မှုဖြစ်


မိုးကုတ်မှာ သုံးနှစ်အရွယ် မိန်းကလေးတစ်ဦးကို လူငယ်တစ်ဦးက အဓမ္မပြုကျင့်ရန် ကြံစည်မှုဖြစ်

အိမ်နီးချင်းဖြစ်တဲ့သူက အဓမ္မပြုကျင့်ဖို့ ကြံစည်ခဲ့တာပါ။
 
မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့ သံလွင်တောင်ရပ်ကွက်ထဲမှာ အသက်သုံးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အိမ်နီးချင်းဖြစ်တဲ့ အသက် ၁၆ နှစ်အရွယ်အမျိုးသားက အဓမ္မပြုကျင့်ဖို့ ကြံစည်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

သံလွင်တောင်ရပ်ကွက်ထဲမှာနေတဲ့ အမျိုးသမီးတစ်ဦးက ဒီဇင်ဘာ ၂၁ ရက် နေ့လယ် ၂ နာရီလောက်မှာ အိမ်ရှေ့မှာ ကစားနေတဲ့သမီးဖြစ်သူကို မတွေ့ရှိတော့လို့ လှမ်းခေါ်တဲ့အချိန်မှာ သမီးဖြစ်သူက မျက်နှာချင်းဆိုင်အိမ်ရဲ့ အိပ်ခန်းထဲကနေ ငိုပြီးထွက်လာခဲ့လို့ မေးမြန်းတာကနေ သိရှိခဲ့တာလို့ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။

စစ်ဆေးမှုတွေအရ အသက် ၁၆ နှစ်အရွယ် အမျိုးသားက ကလေးငယ်ကို အိပ်ခန်းထဲကိုခေါ်ပြီး မဖွယ်မရာပြုလုပ်ခဲ့လို့ သားမယားပြုကျင့်ဖို့ ကြံစည်တဲ့ အမျိုးသားကို မိုးကုတ်မြို့မရဲတပ် ဖွဲ့စခန်းကနေ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၁၁ အရ အမှုဖွင့် ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။

Source : 7DayDaily
 

No comments:

Post a Comment