Latest News

Tuesday, December 13, 2016

မြောက်ဥက္ကလာမှာ စကားများရာကနေ မိန်းမဖြစ်သူကို ဓားနဲ့ထိုးသတ်

မြောက်ဥက္ကလာမှာ စကားများရာကနေ မိန်းမဖြစ်သူကို ဓားနဲ့ထိုးသတ်

ရန်ကုန်၊  ဒီဇင်ဘာ ၁၄ – ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် ( ဌ) ရပ်ကွက်မှာ မနေ့ညနေခြောက်နာရီ ၀င်းကျင်ခန့်မှာ   လင်မယားချင်း စကားများရာကနေ  လူသတ်မှုဖြစ်ပွားခဲ့ပါတယ်။

“ဖြစ်တာကခြောက်နာရီလောက်ကဖြစ်တာ ပထမတော့ ကြက်သွန်လှီးတဲ့  ဓါးနဲ့လှီးတယ်ပြောတယ် နောက်ပြီးမှ ဓါးရှည်နဲံ အပေါ်ကနေထိုးတာ  မိန်းမဖြစ်သူကတော့ ဆုံးသွားပါပြီ နေရာတင်ဆုံးသွားတာပါ“လို့   ဌရပ်ကွက်  အုပ်ချုပ်ရေးမှူး  ဦးမိုးကျော်ကပြောပါတယ်။

ကျုးလွန်သူ ကို မင်းမင်း အသက် ၃၅ နှစ်ဟာ မိန်းမဖြစ်သူကိုသတ်ဖြတ်ပြီးနောက်လူသတ်လက်နက်ကို ဆေးကြောကာ လေးနှစ်အရွယ်ကလေးငယ်ကို ခေါ်ပြီးအပြင်ထွက်သွားခဲ့တယ်။ သူတို့စကားများရန်ဖြစ်တာ သုံးရက်ခန့်ရှိပြီဖြစ်ပြီး ဒီကနေ့မှာလက်လွန်သွားတာဖြစ်တယ်လို့ ပတ်ဝန်းကျင်ရှိပြည်သူတွေကပြောပါတယ်။

ဖြစ်ရပ်ဖြစ်ပွားနေချိန်မှာ အိမ်နီးနားချင်းတွေဟာ တံခါးပိတ်ထားကာ အထဲမှာ နေခဲ့ကြပြီး ကျုးလွန်သူ နေအိမ်က ထွက်ခွာသွားမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးကိုအကြောင်းကြားကာ ရဲတပ်ဖွဲ့အကြောင်းကြား ခဲ့တယ်လို့သိရပါတယ်။

အဲသည်ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျူးလွန်သူ မင်းမင်း  ၃၅ နှစ်ကို  မြောက်ဥက္ကလာပမြိုနယ်  ဝေဘာဂီရဲစခန်းမှာ ပ/၁၇၇၇  ပုဒ်မ    ၃၀၂  နဲ့အမှုဖွင့်အရေးယူထားတယ်လို့   သိရပါတယ်။

Sources : ၀င်းနန္ဒာ ; Kumudra

No comments:

Post a Comment