Latest News

Thursday, December 29, 2016

ဦးပိန်တံတားတိုင်လိုအပ်ချက်ဖြည့်ဆည်းရေး ကျွန်းသစ်စိုက်ခင်းတစ်ခုထားရှိရန် ဗိသုကာပညာရှင်များအကြံပေး

ဦးပိန်တံတားတိုင်လိုအပ်ချက်ဖြည့်ဆည်းရေး ကျွန်းသစ်စိုက်ခင်းတစ်ခုထားရှိရန် ဗိသုကာပညာရှင်များအကြံပေး

နှစ်ပေါင်း ၁၆၀ကျော်သက်တမ်းရှိ ဦးပိန်တံတား

လာမည့်နှစ်ငါးဆယ် အထိ ဦးပိန်တံတားအတွက် ကျွန်း သစ်တိုင်လိုအပ်ချက်ကို ဖြည့် ဆည်းနိုင်ရန် တောင်သမန်အင်း အနီးဝန်းကျင်တွင် ကျွန်းသစ်စိုက် ပျိုးရေးတစ်ခုရှိသင့်ကြောင်း ဗိသု  ကာပညာရှင်များက အကြံပြုထား သည်ဟု သတင်းရရှိသည်။

တံတားပြင်ဆင်တည်ဆောက်ရန် အဓိကလိုအပ်သော ကျွန်းသစ်ရရှိနိုင်မှုသည် များစွာအရေးကြီးပြီးနောင်နှစ်ငါးဆယ်ကြာသောအခါ ကျွန်းတိုင်လုံးများအသစ်လဲလှယ်ရန် လိုအပ်ပါက အရည်အသွေးကောင်းမွန်သော ကျွန်းလုံးများ အသင့်ရှိနေစေရန် ကျွန်းသစ်စိုက်ပျိုးရေးတစ်ခု တောင်သမန်ဝန်းကျင်တွင်ရှိသင့်ကြောင်း၊ လာရောက်လေ့လာသူများအတွက်လည်း ဆွဲဆောင်မှုတစ်ခုဖြစ်စေကြောင်း နည်းပညာတက္ကသိုလ် (မန္တလေး) ဗိသုကာဌာန ဒုပါမောက္ခဒေါက်တာ ဇာခြည်မင်းအပါအ၀င် ပညာရှင် သုံးဦးက ဦးပိန်တံတားပြင်ဆင်ရေးကော်မတီသို့ ရေးသားတင်သွင်းသည့် အကြံပြုစာတွင် ဖော်ပြထားသည်။

ထို့အပြင် တောင်သမန်အင်း ရိုးတစ်လျှောက်ရှိ တောင်သမန် ရွာရှုခင်းနှင့် သဘာဝအလှအပ များ၊ အင်းပတ်ဝန်းကျင်ရှိ နှစ်တစ် ရာကျော်သက်တမ်းရှိသော မည် စည်ပင်တန်းများသည် နိုင်ငံခြား သားခရီးသွားများ၏ စိတ်ဝင်စား မှုအခံရဆုံးရှုခင်းရှုကွက်များဖြစ် ပြီး ထိုမြင်ကွင်းများကို ဆက်လက်ထိန်းသိမ်းထားသင့်ကြောင်း ၊ ဦးပိန်တံတားတွင် ကွန်ကရစ်ဖြင့် အစား ထိုးတည်ဆောက်ထားသော တံ တားနေရာကို ကျွန်းသစ်ဖြင့် အ စားထိုး၍ မူလတည်ဆောက်ပုံ လက်ရာအတိုင်း စံပြပြန်လည် တည်ဆောက်သင့်ကြောင်း၊ တံ တားအောက် ကြက်ခြေခတ်ချုပ် နှောင်ထားသော ချုပ်တန်းများ သည် အမြင်အားဖြင့် ရှုပ်ထွေးစေ ပြီး ဖြုတ်သင့်ကြောင်း ဗိသုကာ ပညာရှင်များက အကြံပြုထား သည်။

ဦးပိန်တံတားကို ပွင့်လင်း ရာသီမကုန်မီ ဆွေးမြည့်တိုင်များ အစားထိုးလဲလှယ်ခြင်း၊ အောက် ခြေဆွေးမြည့်နေသည့်တိုင်များ ဖြတ်၍ ဆက်ခြင်း၊ ဆွေးမြည့်ပျက် စီးသွားသော တိုင်ခေါင်းများအ စားထိုးဆက်ခြင်း၊ မူလပုံစံအတိုင်းသစ်သားလက်ရန်းတန်းများ၊ သစ်သားခါးပန်းများ ထည့်သွင်းပြုလုပ်ခြင်း၊ ကွန်ကရစ်တံတားလက် ရန်းများ အချောကိုင်ခြင်း၊ တံတား တောင်ဘက်ခြမ်းမှ ၁၅ ပေခန့် အကွာတွင် လုံခြုံရေးအတွက် လျှပ်စစ်သွယ်တန်းခြင်းများ ဆောင်ရွက်ရန် လျာထားကြောင်း ရှေးဟောင်းသုတေသနအမျိုးသားပြတိုက်ဦးစီးဌာန မန္တလေးဌာနခွဲက ဒီဇင်ဘာတတိယပတ်အတွင်း ပြုလုပ်ခဲ့သည့် ဦးပိန်တံတားပြင်ဆင်ရေးအစည်းအဝေးတွင် တင်ပြခဲ့သည်။

တံတားပြန်လည်ပြင်ဆင်ရာ တွင် နောက်ဆုံးပြုပြင်သည့် အလှူရှင်ဖြစ်သော Myanmar Teak Wood ကုမ္ပဏီကပင် ဆက်လက်ပြင်ဆင်ပေးမည် ဖြစ်သည်။ ဦးပိန်တံတားကို မြန်မာသက္ကရာဇ် ၁၂၁၁ (ခရစ်နှစ် ၁၈၄၉) တွင် မြို့ စာရေးဦးပိန်က တည်ဆောက်ခဲ့ ခြင်း ဖြစ်သည်။ ကျွန်းတိုင်လုံး ပေါင်း ၁,၀၈၆ တိုင်ဖြင့် ၃,၉၆၇ ပေရှည်လျားသည့် သစ်သားတံတား ဖြစ်ပြီး တောင်သမန်အင်းပေါ်တွင် အမရပူရမြို့နှင့် အရှေ့ဘက်ရှိ တောင်သမန်ကျေးရွာသို့ ဆက် သွယ်ထားခြင်းဖြစ်သည်။

Sources; 7Day

No comments:

Post a Comment