Latest News

Thursday, December 29, 2016

လျှပ်စစ်မီးသုံးစွဲခနှုန်းထားများ ပြောင်းလဲပြင်ဆင်ရန် စီစဉ်နေကြောင်း တိုင်းလျှပ်စစ်ဝန်ကြီးပြော

လျှပ်စစ်မီးသုံးစွဲခနှုန်းထားများ ပြောင်းလဲပြင်ဆင်ရန် စီစဉ်နေကြောင်း တိုင်းလျှပ်စစ်ဝန်ကြီးပြော


လျှပ်စစ်မီးပြုပြင်ဆောင်ရွက်နေသော လျှပ်စစ်ဝန်ထမ်းများ(ဓာတ်ပုံ−ကျော်ဇင်သန်း)
 မြန်မာနိုင်ငံတွင် လျှပ်စစ် မီးသုံးစွဲခနှုန်းထားကို အစိုးရက စိုက်ထုတ်ကုန်ကျခံပေးနေရသည့် ပမာဏ များပြားနေခြင်းကြောင့် လျှပ်စစ်ကဏ္ဍဆိုင်ရာ ဖွံ့ဖြိုးရေးလုပ် ငန်းများဆောင်ရွက်ရန် ငွေကြေး အခက်အခဲရှိနေစေခဲ့၍ အပြောင်း အလဲတစ်ခု လုပ်ဆောင်မည်ဟု ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ် စက်မှုလက်မှုနှင့် လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် က ပြောသည်။

‘‘နှစ်စဉ်ဘီလီယံပေါင်းများ စွာ အရှုံးပေါ်နေရင် ကျွန်မတို့အ နေနဲ့ လျှပ်စစ်ကိစ္စကိုတိုးတက် ကောင်းမွန်အောင် မလုပ်ဆောင် နိုင်ဘဲ သံသရာလည်နေမှာဖြစ်ပါ တယ်။ ဒါကြောင့်မို့လို့ ဖြစ်သင့်ဖြစ် ထိုက်တဲ့ ပုံစံတစ်ခုကို တည် ဆောက်ရတော့မှာ ဖြစ်ပါတယ်။ အများဝိုင်းဝန်းဆွေးနွေးအဖြေရှာ ပြီး လွှတ်တော်ကို တင်ပြသွားမှာ ဖြစ်ပါတယ်’’ ဟု ဒေါ်နီလာကျော် က ဒီဇင်ဘာ ၂၇ ရက်တွင် ကျင်းပသော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေး၌ ပြောကြားသည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်သုံး စွဲခနှုန်းထားသည် တစ်ယူနစ်လျှင် ပျမ်းမျှအားဖြင့် ကျပ် ၆၀ ခန့်သာ ရှိနေပြီး အမှန်တကယ်ထုတ်လုပ် မှု ကုန်ကျစရိတ်ထက် ကျပ် ၁၀၀ ခန့် သက်သာနေခြင်းမှာ နိုင်ငံ တော်က စိုက်ထုတ်ကျခံပေးထား ခြင်းကြောင့်ဖြစ်သည်ဟု ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော် ပိုရေးရှင်းမှ သိရသည်။

တစ်နှစ်လျှင် ကျပ် ၄၇၀ ဘီ လီယံခန့် အရှုံးပေါ်နေပြီး လာမည့် နှစ်အတွင်း မဂ္ဂါဝပ် ၆၀၀  လျှပ်စစ် ဓာတ်အား အပိုထုတ်လုပ်ဖြန့်ဝေ မည်ဖြစ်၍ ဆုံးရှုံးမှုသည် ကျပ် ၉၀၀ ဘီလီယံခန့်ရှိလာနိုင်သည်ဟု ဒေါ်နီလာကျော်က ပြောသည်။

‘‘လျှပ်စစ်ဓာတ်အား ထုတ် လုပ်နိုင်ဖို့အတွက် ကုန်ကျစရိတ် က ဘယ်နိုင်ငံဖြစ်ဖြစ် ဒေါ်လာတစ် သန်းကုန်ရင် မြန်မာနိုင်ငံလည်း အဲ ဒီလောက်ကုန်တာပဲ။ လျှပ်စစ်သုံး စွဲခကျတော့ နိုင်ငံတကာမှာ တစ် ယူနစ်ကျပ် ၂၀၀ လောက်ဖြစ်နေ ပေမယ့် မြန်မာနိုင်ငံကတော့ ပျမ်း မျှ ၅၇ ကျပ်လောက်ပဲ ရှိနေတယ်။ အဲဒီမှာသွားကွာနေတယ်။ ဒါ ကြောင့် လျှပ်စစ်အသုံးပြုခက ပြန်ပြီးပြင်ဆင်ရမှာပါ။ ဘယ်တော့လောက်ဖြစ်နိုင်မလဲ၊ ဘယ်လောက် တိုးသင့်သလဲဆိုတာ  အများပြည် သူတွေရဲ့ သဘောထားရယူပြီး လွှတ်တော်ကိုတင်ပြပြီးမှာသာ သိ နိုင်မယ်’’ဟု ရန်ကုန်လျှပ်စစ်ဓာတ် အားပေးရေးကော်ပိုရေးရှင်း အ ထွေထွေမန်နေဂျာ  ဦးစောဝင်း မောင်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် လျှပ်စစ်ဓာတ်အားသုံးစွဲမှုနှုန်း သည် မဂ္ဂါဝပ် ၅၀၀ ခန့်ရှိနေပြီး နှစ်စဉ်ဓာတ်အားသုံးစွဲမှု ၂၀ ရာခိုင် နှုန်းစီ တိုးတက်လာနေကြောင်း သိရသည်။

လာမည့် နွေရာသီတွင် လျှပ် စစ်မီးပြတ်တောက်မှုမရှိစေရန် ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မဂ္ဂါဝပ် ၃၀၀ ထုတ် ဓာတ်အားပေးစက် ရုံတစ်ခုနှင့် သီလ၀ါ၌ မဂ္ဂါဝပ် ၃၀၀ထုတ်လုပ်နိုင်သည့် ဓာတ်အားပေးစက်တို့ကို တည်ဆောက်ဆောင်ရွက်နေပြီဖြစ်ကြောင်း ဒေါ်နီလာကျော်က ပြောသည်။

Sources; 7 Day

No comments:

Post a Comment