Latest News

Friday, December 16, 2016

သပိတ်ကျင်းလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဆန်းဝင်း၏ အသုဘမြေချခြင်း ပြုလုပ်

သပိတ်ကျင်းလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဆန်းဝင်း၏ အသုဘမြေချခြင်း ပြုလုပ်

ဒီဇင်ဘာလ ၁၄ ရက်နေ့ညက အသည်းရောဂါဖြင့် ကွယ်လွန်ခဲ့သည့် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ် တိုင်းဒေသကြီး အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဆန်းဝင်း (အသက် ၃၈ နှစ်)၏ အသုဘမြေချ အခမ်းအနားကို ကွယ်လွန်သူ၏ မွေးရပ်မြေ သီးကုန်းကျေးရွာတွင် ယနေ့ ပြုလုပ်ခဲ့သည်။

အသုဘမြေချအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ပြင်ဦးလွင်ခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ သပိတ်ကျင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ပါတီဝင်များ၊ သပိတ်ကျင်း မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မိသားစုဝင်များ၊ ဒေသခံပြည်သူများ လိုက်ပါပို့ဆောင်ခဲ့ကြသည်။

ဓာတ်ပုံ-ဆုဆုရှိ
#Mizzima

No comments:

Post a Comment