ဂျပန်နိုင်ငံထုတ် တစ်ပတ်ရစ် စူပါကပ်ဆိုင်ကယ် ဝယ်သူအကြိုက် ဖြစ်နေဆဲ
မန္တလေး၊ ဒီဇင်ဘာ ၁၄
အသုံးပြုပြီးဖြစ်တဲ့ ဂျပန်နိုင်ငံထုတ် ဟွန်ဒါစူပါကပ်ဆိုင်ကယ် (Super Cub – 90)တွေကတော့ ပြန်ရောင်းမယ့်သူရှားပေမဲ့ မန္တလေးဆိုင်ကယ်အ ဟောင်းဈေးကွက်မှာ ဝယ်လိုသူတွေအကြိုက်ဖြစ်နေဆဲပါ။
မန္တလေးကဆိုင်ကယ်အရောင်းအဝယ်လုပ်ကိုင်သူတစ်ဦးဖြစ်တဲ့ ကိုညီညီနိုင်က တစ်ချိန်တုန်းက ဒီဘီးတွေကအရမ်းတန်ဖိုးမြင့်ခဲ့သလို စီးတဲ့သူအကြိုက်ဘီးတွေပေါ့၊ ဒီဘီးတွေက နှစ်ဘယ်လောက်ကြာကြာဘာမှမဖြစ်ဘူး၊ မာတယ်၊ ပြင်ဆင်ရတဲ့အပိုင်းမှာလဲ အခြားဘီးတွေထက်သက်သာတယ်၊ အခြားဘီးတွေထက်လဲ အားသာချက် များတယ်လို့ ပြောပါတယ်။
စီးနင်းပြီးသား ဟွန်ဒါစူပါကပ်ဆိုင်ကယ်တွေကို လတ်တလောဈေးကွက်မှာ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးနှုန်းတွေကတော့ ဘီးအသန့်ပစ္စည်းစုံရင် ကျပ် ၁၂ သိန်း၊ ဘီးကြောကောင် ပစ္စည်းမစုံရင် ကျပ် ၁၀ သိန်းဝန်းကျင်၊ ဘီးညံ့ ရင်တော့ ကျပ်ငါးသိန်းအောက်ပေးဝယ်ကြပြီး အဓိကကတော့ ဆိုင်ကယ်အနေအထားပေါ်မှာ ကြည့်ပြီး ဈေးပေးဝယ်ယူကြတာများတယ်လို့ ဆိုပါတယ်။
ဟွန်ဒါစူပါကပ်ဆိုင်ကယ် (C- 90) တွေကို ဈေးကွက်တွင်းမှာ ပြန်ရောင်းတဲ့သူရှားပေမဲ့ တချို့ကတော့ ကိုယ်တိုင်စီးနင်းဖို့ ရှာဝယ်ကြတာများတဲ့အတွက်လက်ထဲမှာရောင်းဖို့ ပစ္စည်းသာရှိရင် အရောင်းအဝယ်ဖြစ်တာမြန်တယ်လို့ မန္တလေးက ဆိုင်ကယ်ဝယ်ရောင်းသမားအချို့ကပြောပါတယ်။
မန္တလေးဆိုင်ကယ်ဈေးကွက်မှာ တစ်ချိန်က ဟွန်ဒါ စူပါကပ်ဆိုင်ကယ် (Super Cub – 90) တစ်စီးတန်ဖိုးဟာ ကျပ် သိန်း၂၀ ကျော်အထိတန်ဖိုးမြင့်မားခဲ့ပေမဲ့လည်း နောက်ပိုင်းမှာ တရုတ်ဘီးတွေ မြန်မာပြည်ထဲဝင်ရောက်လာတဲ့အခါ ဂျပန်ဆိုင်ကယ်ဈေးတွေ လျော့ကျခဲ့တာဖြစ်တယ်လို့သိရပါတယ်။
မန္တလေးဆိုင်ကယ်ဈေးကွက်မှာတော့ အရောင်းအဝယ်မကောင်းတာလေးလခန့်ကြာမြင့်ခဲ့ပြီလို့သိရပါတယ်။
#Kumudra
Subscribe to:
Post Comments (Atom)
No comments:
Post a Comment