Latest News

Friday, December 16, 2016

ဦးမျိုးရန်နောင်သိန်း အာမခံ လျှောက်ထားမှု အမိန့်ချမည်

ဦးမျိုးရန်နောင်သိန်း အာမခံ လျှောက်ထားမှု အမိန့်ချမည်
 

ဆက်သွယ်ရေး ပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆိုခံထားရတဲ့ ဦးမျိုးရန်နောင်သိန်းရဲ့ အာမခံလျှောက်ထားမှုကို အနောက်ပိုင်း ခရိုင် တရားရုံးက ဒီဇင်ဘာ ၂၆ ရက်နေ့မှာ အမိန့်ချသွားမယ်လို့ သူ့ရဲ ရှေ့နေ တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုးက ဒီဗွီဘီကို ပြောပါတယ်။

အန်အယ်လ်ဒီ ဗဟိုသုတေသန အဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိန်းရဲ့ အာမခံလျှောက်ထားမှုကို အနောက်ပိုင်း ခရိုင်တရားရုံးမှာ ဒီဇင်ဘာ ၁၆ ရက်နေ့က အာမခံပေးသင့်၊ မပေးသင့် နှစ်ဖက်ရှေ့နေတွေနဲ့ လျှောက်လဲချက်ကို ကြားနာခဲ့ပါတယ်။

ဦးမျိုးရန်နောင်သိန်းကို ကမာရွတ်မြို့နယ် တရားရုံးက အာမခံမပေးဘူးလို့ အမိန့်ချမှတ်ထားတဲ့ အတွက် အနောက်ပိုင်း ခရိုင် တရားရုံးကို ဆက်တက်ခဲ့တာလည်း ဖြစ်ပါတယ်။

ဦးမျိုးရန်နောင်သိန်းကို သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို ဝေဖန် ပုတ်ခတ်တဲ့ စာတွေ ရေးသားခဲ့တယ်ဆိုပြီး ရန်ကုန်တိုင်း စစ်ဌာချုပ်က တရားစွဲထားတာ ဖြစ်ပါတယ်။

အာကာ
DVB

No comments:

Post a Comment