Friday, December 16, 2016
ရခိုင်အရေး အစည်းအဝေးလုပ်မယ့်ကိစ္စကို APHR အဖွဲ့ ထောက်ခံကြိုဆို
ရခိုင်အရေး အစည်းအဝေးလုပ်မယ့်ကိစ္စကို APHR အဖွဲ့ ထောက်ခံကြိုဆို
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး အရေးပေါ်အစည်းအဝေးတစ်ရပ် ပြုလုပ်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အာဆီယံနိုင်ငံတွေကို ဖိတ်ကြားထားတာကို ကြိုဆိုထောက်ခံသင့်တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ (APHR) က ဒီဇင်ဘာ ၁၆ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
ရခိုင်ပြည်နယ်မှာ လုံခြုံရေးတာဝန်ယူနေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ဥပဒေအတိုင်း လိုက်နာဆောင်ရွက်နေတယ်လို့ ရခိုင်ပြည်နယ်စုံစစ်းစစ်ဆေးရေးကော်မရှင်က ထုတ်ပြန်ပြီးနောက်မှာ APHR က ခုလို ပြောကြားလိုက်တာပါ။
အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အရေးပေါ် အစည်းအဝေးကို ကြိုဆိုရမှာဖြစ်ပေမဲ့ လုပ်ဆောင်မှုတွေကိုတော့ သတိထားရမယ်လို့လည်း APHR က သတိပေးခဲ့ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ လာမယ့် ဒီဇင်ဘာ ၁၉ ရက်နေ့မှာ တွေ့ဆုံဖို့ စီစဉ်ထားတာပဲ ဖြစ်ပါတယ်။
SOURCES MCN TV (NEWS CHANNEL)
ရခိုင်အရေး အစည်းအဝေးလုပ်မယ့်ကိစ္စကို APHR အဖွဲ့ ထောက်ခံကြိုဆို
Reviewed by Ar Ti
on
4:26 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment