Latest News

Friday, December 16, 2016

လှည်းကူးတွင် ပထမဦးဆုံး ရှေးဟောင်းသမိုင်းပြတိုက် ဖွင့်လှစ်

လှည်းကူးတွင် ပထမဦးဆုံး ရှေးဟောင်းသမိုင်းပြတိုက် ဖွင့်လှစ်



ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ပိုက်ကြီးဝဲကျေးရွာရှိ မဟာဝိဇိ ကာရာမစာသင်တိုက်မှာ ဒီဇင်ဘာ ၁၄ ရက်နေ့က ရှေးဟောင်းသမိုင်းပြတိုက်ကို ပထမဆုံးအကြိမ် ဖွင့်လှစ်ခဲ့ပါတယ်။

အဆိုပါ ပြတိုက်ကို ကျောင်းထိုင်ဆရာတော် ဒေါက်တာ ဘဒန္တရေဝတာလင်္ကာရက ဦးဆောင်ကာ လှည်းကူးမြို့နယ် သမိုင်းပြုစုရေးအဖွဲ့က ပြတိုက်ဖြစ်မြောက်ရေးအတွက် ဆောင်ရွက်ကြတာပါ။

ပြတိုက်ကို ပေ ၄၀ ပတ်လည် သုံးထပ်ဆောင်ဖြစ်ပြီး လှည်းကူးမြို့နှင့် အနီးဝန်းကျင် ကျေးရွာတွေက စုဆောင်းရရှိထားတဲ့ ရှေးဟောင်းပစ္စည်း အမျိုးအစားပေါင်း ၁၃၅ မျိုးကို ခင်းကျင်းပြသထားလျှက်ရှိကာ အသိအလိမ္မာ ရင်ခွင်စာကြည့်တိုက်ပါ တွဲဖက်ဖွင့်လှစ်ထားတယ်လို့ ကျောင်းထိုင်ဆရာတော်က ဒီဗွီဘီကို မိန့်ကြားပါတယ်။

ပြတိုက်မှာ ပြသထားတဲ့ ပစ္စည်းတွေထဲမှာ ပျူခေတ် အရိုးအိုးတွေ၊ ဆေးတံတွေ၊ စဥ့်ရည်သုတ် အသုံးအဆောင်ပစ္စည်းတွေ၊ စဥ့်ထည်တွေ၊ အုတ်ခွက်ဘုရားတွေ၊ ကျွန်းသားနဲ့ ပြုလုပ်ထားတဲ့ နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိ ရပ်တော်မူဘုရားတွေ ပါဝင်တယ်လို့ သိရပါတယ်။

သမိုင်းပြတိုက်နဲ့ စာကြည့်တိုက် ဖွင့်လှစ်ထားတဲ့ ပိုက်ကြီးဝဲကျေးရွာရှိ မဟာဝိဇိကာရာမ စာသင်တိုက်ဟာ လှည်းကူးမြို့နဲ့ ၁ မိုင်အကွာမှာ တည်ရှိပါတယ်။

SOURCES DVB ညိုထွန်း

No comments:

Post a Comment