Latest News

Wednesday, October 5, 2016

စာမေးပွဲဖြေဆိုဖို့ အခက်အခဲရှိနေတဲ့ ကျောင်းသားတွေ စာမေးပွဲဖြေဆိုခွင့်ရရေးလွတ်တော် ကူညီမည်


 မျိုးမင်းပိုင်
လတ်တလော စာမေးပွဲဖြေဆိုဖို့ အခက်အခဲရှိနေတဲ့  ပုသိမ်က္ကသိုလ်က အဝေးသင်ကျောင်းသားတွေကို ဧရာဝတီတိုင်းဒေသကြီး လွတ်တော် ကလုပ်ထုံးလုပ်နည်းများအရ ကူညီ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း လွတ်တော်က သတင်းထုတ်ပြန်ပါတယ်။
အောက်တိုဘာလ (၅)ရက်နေ့ ကဖြေဆိုခွင့်အခက်အခဲဖြစ်နေတဲ့  အဝေးသင်ကျောင်းသားများအပါဝင် မြန်မာနိုင်ငံဆရာ ဆရာမ များ သမဂ္ဂ နှင့် ပုသိမ်ခရီုင် ကျောင်းသားများ သမဂ္ဂက ကျောင်းသူကျောင်းသားများနှင့်တွေ့ ဆုံပြီး သတင်းထုတ်ပြန်လိုက်တာပါ။
လက်ရှိ ကျောင်းသားတွေ ကျောင်းမအပ်ရခဲ့ ပဲ ဆုံရှုံးနေတဲ့  အခွင့်အရေးတစ်ရပ်ကို လွတ်တော်က ဘယ်လို ကုစားပေးလို့ ရမလဲ ပေါ့ စောင့်ကြည် လေ့ လာရေးဆိုတာတာဝန်ရှိတာကြောင့် အစိုးရအဖွဲ့ ရယ် ပုသိမ်တက္ကသိုလ်က ပါချုပ်ရယ် တွေ့ ဆုံပြီး ရန်ကုန် အဝေးသင် ဌာနရဲ့ မူဝါနဲ့  လွတ်တော်က ဆောင်ရွက်ချက်နဲ့  စားမေးပွဲဖြေဆိုခွင့်ရရေး ကြိုးစားလျှက်ရှိနေပါတယ်လို့ လွတ်တော် ဒုဥက္ကဌ ဦးစံမင်းအောင်ကပြောပါတယ်။
သို့သော်လည်း အမှန်တကယ် နစ်နာတဲ့ ကျောင်းသားတွေ အနေနဲ့  မိမိတို့ဆောင်ရွက်ထားရှိတဲ့ အခြေနေကို အတိအကျ နဲ့  ပါမောက္ခချုပ်ထံကို အသနားခံစာတင်ဖို့ တော့လိုတယ်လို့  ၄င်းကဆက်ပြောပါတယ်။
အသနားခံစာတင်ပြလာတဲ့  စာရင်းဇယားအရ သက်ဆိုက်ရာတိုင်းဒေသကြီး လူမှုရေး ၀န်ကြီး အပါဝင် တက္ကသိုလ်ပါမောက္ခချုပ် နဲ့ တွေ့ ဆုံ ဖို့ ကိုလည်း လွတ်တော်က အမြန်ဆုံးဆာင်ရွက်မှာဖြစ်ပါတယ်။
ကျောင်းအပ်ရန် နှင့် စာစဉ်အဖြေလွာ ရေးတင်ရန် ပေးဆောင်ထားသော အဝေးသင်(ဒုတိယအသုတ်)ကျောင်းသားများရဲ ငွေများကို စာရေးမတစ်ဦးက လိမ်လည် သွားရာမှ စာမေးပွဲဖြေဆိုရန် အခက်အခဲဖြစ်နေကြတာပါ။
အဝေးသင်တက္ကသိုလ်တက်ရောက်မည့်ကျောင်းသားကျောင်းသူတွေ အနေနဲ့ ကျောင်းသို့ပေးသွင်းရန်ရှိတဲ့ မည့်သည့်ငွေကြေးကိုမဆို ကိုယ်တိုင်ပေးဆောင်ရန်၊ ကျောင်းအပ်ခြင်း၊ ကျောင်းပြောင်းရွှေ့ခြင်း၊ ထောက်ခံစာ တောင်းခြင်းတို့ကို ကိုယ်တိုင် ဆောင်ရွက်ရန် တက္ကသိုလ်မှ မည်သည့်ဝန်ထမ်းကို မဆို ၀န်ဆောင်ခပေးခြင်း၊ ကိုယ်စားလှယ်လွှဲခပေး၍ လုပ်ဆောင်းခြင်းမျိုးမလုပ်ရန် စည်းကမ်းချက်များ ထုတ်ပြန်ထားကြောင်း အဝေးသင်တက္ကသိုလ်(ပုသိမ်ဌာနခွဲ)မှ သိရပါတယ်။
စာရေးမတွေက တစ်နာရီ နဲ့ ပြီးမယ့် အရာကို တစ်ရက်လောက် ကြာအောင် အချိန်ဆွဲထားသလို သူတို့ ဆီမှာကျောင်းမအပ်ရင် တာဝန်မယူသလို အခက်အခဲတွေ အမျိုးမျိုးရှိတာကြောင့် စာရေးမတွေနဲ့ ကျောင်းအပ်ရတာလို့ ကျောင်းသားတွေကတုံ့ ပြန်ပြောဆိုပါတယ်။
လတ်တလောစာမေးပွဲဖြေဆိုရန် အခက်အခဲရှိနေတဲ့ ကျောင်းသားကျောင်းသူမှာ စုစုပေါင်း(၂၀၀)ခန့် ရှိတယ်လို့  လွတ်တော်က ခန့် မှန်းပြောဆိုပါတယ်။
သေချာတာကတော့ ကျောင်းသားတွေဘက် ကလည်းမှားသလို အဝေးသင်ပညာရေးစနစ် နဲ့ စီမံခန့် ခွဲမှုဆိုတာကိုလည်းပြောစရာရှိပါတယ် သို့ သော်လည်း ဒီအခြေနေမှာတော့ နစ်နာခဲ့ တဲ့ေ ကျာင်းသားတွေ အမြန်ဆုံး အသနားခံစာတင်ဖို့ လိုနေပါပြီ ။။

No comments:

Post a Comment