Latest News

Sunday, October 2, 2016

ခေါင်းချမယ့် မြေနေရာ မရှိပါ ( မျိုးမင်းပိုင်)

ဒီသချီုင်းမြေကိုမူလအတိုင်း ပြန်မရဘူးဆိုရင် ကျွန်တော်ရွာအများကြီးအခက်အခဲရှိလာပါလိမ့်မယ်။
 ဒီနေရာအပြင် တစ်ခြားလည်း မြုပ်စရာနေရာမရှိတော့ ဘူး ။ကျေး၇ွာရဲ့ ပိုင်ဆိုင်မှုကဒီ သင်္ချိုင်းမြေပဲရှိတော့တာပါ လို့  ငရုပ်ကောင်းမြို့ ကျွေချိုင်ရွာက ကို ဇော်မင်းဦးကပြောပါတယ်။

ကိုမင်းဇော်ဦးဟာ အနောက်ဘက်ကမ်းခြေဒေသငရုပ်ကောင်းမြို့  ရဲ့ ကမ်းခြေဒေသတွေမှာဖြစ်ပေါ်နေတဲ့  သုဿန်မြေနေယာ(သို့ )သချီင်္ုင်းမြေယာအငြင်းပွါးမှုတွေမှာသင်္ချိုင်းမြေဖော်ထုတ်ရေးကော်မတီဝင်အဖြစ်တာဝန်ယူထားတဲ့ သူတစ်ယောက်ပါ။

အနောက်ဘက်ကမ်းခြေဒေသ အိမ်ထောင်စု (၃၀၀) လူဦးရေတစ်ထောင် ခန့် ရှိတဲ့ ကျွေ ချိုင် အုပ်စု နဲ့ 
အိမ်ထောင်စု ခြောက်ရာကျော် လူဦးရေ (၂၀၂၈)ဦးရှိတဲ့  နတ်မော် အုပ်စု တို့ မှာ သခ်ျီုင်း သုဿန်မြေနေ
ရာ သတ်မှတ်ရေး အငြင်းပွါးမှုတွေ ဖြစ်ပေါ်နေတာပါ။

ဒါ့ကြောင့် ကမ်းခြေ ဒေသမှာဖြစ်ပေါ်နေတဲ့  သချိင်္ုင်းမြေ အငြင်းပွါးမှုကြောင့် ဒေသခံများက စုပေါင်းပြီး
သချိုင်းမြေဖော်ထုတ်ရေးကော်မတီဝင် အဖွဲ့ ဖွဲ့ ကာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံတင်ပြ ဖို့ ကြိုးစားနေကြတာလည်းဖြစ်ပါတယ်။
ကျေးလက်ဒေသတွေမှာ  လူသေ မြုပ်ရန် ရွာဦးရွာထိပ် သို့ မဟုတ် ရွာနဲ့  မလှမမ်းမကမ်းဝေးတဲ့ နေရာမှာ သုသာန်၊ အရပ်ခေါ် သင်္ချိုင်းကုန်းဆိုတာရှိပါတယ်။

ကျေးလက် ဒေသ အလေ့ အထကအရ ဘုန်တော်ကြီးများနှင့် လူပျိုအပျိုးများ ကွယ်လွန်ရင်သာ မီးသဂြိုလ်
တတ်ကြသော်လည်းအခြား သူများနာရေး ဖြစ်ပါက မြေမြုပ် သဂြိုလ် တတ်ကြပါတယ်။
ကုန်ကျစရိတ်ခြင်းလည်းမတူဘူး မြေမြုပ်တာကသက်သာတယ်။ မီးရှို့ရင် ထင်းဖိုးကုန်တယ်။ တတ်နိုင်တဲ့ သူက ဂူတည်ခြင်တောင်  အုတ် ဘိလပ်မြေ သဲ အဆင်သင့် မရှိဘူး။ ဒါပေမဲ့   လူပျို အပျိုတွေ သေရင်တော့ မီးသဂြိုလ်တယ်။ ဒါကဘာလို့ လည်းဆို ဒီဘက်ရဲ့ အယူအဆတစ်ခုပေါ့ ။ ဟိုတုန်းကမှော်ဆရာတွေက လူပျို အပျိုတွေ သေရင် သူတို့ အရီုးကိုယူထားပြီး ဆေးဖော်တယ် တို့ ဆိုတာတွေရှိခဲ့ လို့ အစဖျောက်တဲ့
သဘောပေါ့ ။အများစု ကတော့ မြေမြှပ်ကြရတာပဲ လို့  ကမ်းခြေဦး ဒေသခံ  ကိုမျိုးဇော်ထွန်း ကပြောပါ
တယ်။
ကျွေချိုင် သချိုင်းမြေနေယာ အငြင်ပွါးမှု ဟာ ဒေသခံ  ရွာသားများက မူလ သချိုင်းကုန်း သုဿန်မြေပေါ်မှာ လူသေအလောင်းထားရန် သာလျံ ဇရပ်တည်ဆောက် ရာက မိမိဝယ်ယူထားသည့်မြေဖြစ်ကြောင်း လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဦးကျင်ရှိတ်ကတားမြစ်ခဲ့ ရာက စတင်ခဲ့ တာပါ။
 အလောင်းတင်ဖို့  သာလျံဇရပ်လေးဆောက်တော့ လုပ်ငန်းရှင်တစ်ယောက်က ဒီမြေကွက်ဟာ သူတို့ ပိုင်ပါတယ်။ သူတို့ ဝယ်ထားတာလာပြောတာနဲ့ ရပ်ထားရတယ်။ အဲတော့ ၀န်ကြီးချုပ်ကို ဒီဖြစ်စဉ်ကိုတင်ပြထားတယ်လို့ ကျွေချိုင်အုပ်စု နာရေး ကူညီမှုအသင်း ဥက္ကဌ ကိုမြင့်နိုင်ကပြောပါတယ်။
ယခင်က ကျွေချိုင်ကမ်ခြေမှာတည်ရှိတဲ့  သချီုင်းကုန်း(၀ါ)သုဿန်မြေဟာ ငါးဧကခန့် ရှိသော်လည်း ယခုအခါ
တစ်ဧကခန့် သာရှိပါတော့တယ်။
ဒါနဲ့ ပတ်သတ်ပြီး ကျွေူချိုင်အုပ်စု မှာပါဝင်တဲ့  အနိမ့် ချောင်း ၊သဲကုန်း ၊ ရွာမ ကျေးရွာ က ဒေသခံတွေက
သချိုင်းမြေ နေရာသတ်မှတ်ရေး ပြဿနာ ဖြစ်ပေါ်နေမှုကို ဖြေရှင်းပေးဖို့  တိုင်းဒေသကြီးအစိုးရထံ တင်ပြသွား
မယ်လို့ လည်းဆိုပါတယ်။

အလားတူပဲလူဦးရေနှစ်ထောင်ကျော်ရှိတဲ့ နတ်မော်အုပ်စုကမ်းခြေဦးကျောက်ချောင်းလေးကျေး၇ွာတွေမှာ
သဂြိုင်းမြေ သုဿန်မြေ ပြဿနာ ဖြစ်ပေါ်နေပါတယ်။

"ခုဖြစ်နေတာက အရင်က သူလှူထားတာ မြုပ်ထားတာလည်းအလောင်းပေါင်းလေးငါးဆယ် လောက်မြုပ်ပြီး
ပြီ ။ တန်ဖိုးမရှိခင်တုန်းကတော့ ဘာမှမဖြစ်သေးဘူး။ ခု မြေယာကတန်ဖိုး ရှိလာတော့ သူက ခြံခတ်လိုက်
တယ်။သူ့ မြေထဲ ၀င်မမြုပ်နဲ့ ဆိုပြီး ပြောတယ်။လာတားတာပေါ့။ ကျနော်တို့ က သတ်သတ်မှတ်မှတ်လေး ရှိစေချင်တာ "လို့  နတ်မော်အုပ်စု မြတ်ကုသလိုလ် နာရေး ကူညီမှုအသင်းဝင်တစ်ဦးက ပြောပါတယ်။

ဒီလို သုဿန်မြေ ပြဿနာတွေဟာ ကမ်းခြေ ဒေသတစ်လျောက်  အခြားရွာတွေမှာလည်း ရှိ လာပါတယ်။
သုဿန်မြေပြဿနာက  ပန်းမော်တို့ ငန်းချောင်းဒေသတွေမှာလည်း ဖြစ်လာတယ် ဘာကြောင့်လည်းဆို ရွတွေကကမ်းခြေတွေမှာရှိနေတော့ မြေဈေးတွေကတက်လာတော့ သင်္ချိုင်းမြေ အနားက သူတွေကလည်း ကျူးကျော်လာတာပေါ့ လို့ ဒေသခံကိုဝင်းစိုးကပြောပါတယ်။
လတ်တလော သုဿန်မြေနေယာ အငြင်းပွါးမှု ဖြစ်ပေါ်နေတဲ့  မြေနေရာဟာ ပင်လယ်ကမ်းခြေတစ်လျောက်ဖြစ်ပြီး ဂေါ်ရန်ဂျီ ကျွန်း အနီးတစ်ဝိုက်က ကမ်းခြေနေရာတွေ ပါ။

ဧရာဝတီတိုင်းဒေသကြီး  ငရုပ်ကောင်းမြို့ မှာရှိတဲ့  ဂေါ်ရန်ဂျီကျွန်းနဲ့  ပင်လယ်ကမ်းခြေ ရှုခင်းတွေကို ၂၀၁၄ ခုနှစ် စက်တင်ဘာလ မှာ ငရုပ်ကောင်း  နံသာပုကျေးရွာတွင် ကျောက်မီးသွေးစက်ရုံ စီမံကိန်းတစ်ခု
အကောင်အထည်ဖော်ဖို့  အစိုးရက ဆောင်ရွက်လာရာမှ ဒီဒေသကို လူတွေ သတိထားမိခဲ့ ကြတာပါ။

ကျောက်မီးသွေး စက်ရုံ နဲ့  တွဲပြိး ငရုပ်ကောင်းကိုသိလာသလို ငရုပ်ကောင်းမှာ ဂေါ်ရန် ဂျီ ကျွန်း နဲ့ လှပတဲ့ ပင်လယ် ကမ်းခြေ တွေကို လူတွေသတိထားမိလာကြတာကနေ ၂၀၁၅ မှာ ခရီးသွားတွေလာလည်ကြတယ် ။၂၀၁၆ မှာတော့ စံချိန်တင် ခရီးသွားများလာတာပေါ့ လူဦးရေက သုံးသိန်းလောက်အထိ လာရောက် လည်ပတ်ကြတယ်လို့  အနောက်ဘက်ကမ်းခြေ ဧရာဝတီ သဘာဝ ပတ်ဝန်းကျင် ထိမ်းသိမ်းစောင့် ရှောက်
 ရေးအဖွဲ့  က ပြောပါတယ်။
လူသိများလာတာနဲ့ အမျှ ဂေါ်ရန်ဂျီကျွန်းအနီးတစ်ဝိုက်ကမ်းခြေဒေသတစ်လျှောက် မြေယာဈေးက တစ်ဟုန်ထိုးတိုးတက်လာပါတယ်။ဒီနေရာမှာ ကမ်းခြေဒေသတွေရဲ လူသေမြုပ်တဲ့ နေရာ သုသာန် (၀ါ) သချိုင်း
ကုန်းမြေယာ အငြင်းပွါးမှု  ပြဿနာများပင်ဖြစ်ပေါ်လာပါတယ်။

လက်ရှိ အငြင်းပွါးနေတဲ့  သုဿန်မြေတွေဟာ တစ်ဧက ကျော်မှ ငါးဧက အထိ  ရှိနေပြီးလက်တလောမှာ
ကမ်းခြေဒေသက တစ်ဧက မြေကွက်တစ်ကွက်ဟာ သိန်းတစ်ထောင်ခန့် ပေါက်ဈေးရှိနေပါတယ်။
ဝယ်တဲ့ သူကလည်း သင်္ချိုင်းမြေမှန်းမသိဘာမှန်းမသိကိုဝယ်ကြတာပဲ ဒေသဖွံ့ ဖြိုးမှုနဲ့ အတူ လူဦးရေ တိုးပွါးလာမယ် ဆို လူသေနှုန်းလည်းတိုးပွါးလာနိုင်တာကြောင့် နေရာတွေ သတ်သတ်မှတ်မှတ်ရှိသင်ပြီ လို့ ကျွေ
ချိုင်အုပ်စု နာရေးကူညီမှုအသင်းဥက္ကဌကိုမြင့်နိုင်ကဆိုပါတယ်။

ကမ္ဘာကျော် ခရီးသွားဒေသတစ်ခုဖြစ်လာနိုင်တဲ့   ဒီဒေသမှာ သုဿန်မြေအပါဝင်  မြေယာ သတ်မှတ်မှု မြေယာပိုင်ဆိုင်မှုပုံစံ တွေကို အစိုးရအဖွဲ့ အ၀င် သက်ဆိုင်ရာ မြေစာရင်း နဲ့ တာဝန်ရှိသူတွေက စနစ်တကျ ကွင်း
ဆင်းဆောင်ရွက်ပေးဖို့  တာဝန်ရှိလာပါပြီ။

ကမ်းခြေဒေသမှာ သချိင်္ုင်းမြေ ယာ လုရာက  မလိုလားအပ်တဲ့  ပဋိပက္ခတွေရှိလာနိုင်သလို မူလ
သုဿန်မြေ ပြန်လည်ရရှိရေးဆိုတဲ့  ဆန္ဒထုတ်ဖော်မှုတွေအထိ ဖြစ်လာရင်တော့ ပြောစရာတွေ ဖြစ်
လာနိုင်ပါတယ်။
 အော်..... သေရင်တော့ မြုပ်စရာနေရာမရှိတော့လောက်အောင်ပဲလား.. ဂေါ်ရန်ဂျီရယ်
Messenger Journal

No comments:

Post a Comment