Latest News

Sunday, October 2, 2016

လူ့ အဖွဲ့ အစည်းအစိတ်အပိုင်းတစ်ခုကို့ ဖျက်စီးလိုက်တဲ့ ဆရာ (စာရေးသူ မျိုးမင်းပိုင်)


ကျောင်းဆရာတစ်ဦး က တပည့်ဖြစ်သူ ရှစ်တန်း ကျောင်းသူနှစ်ဦးကို သားမယားပြုကျင့် လိုက်တယ်ဆိုတဲ့  သတင်းက လတ်တလော ပျ့ံ့နှံ သွားပြီး ဝေဖန်မှုတွေ အမျိုးမျိုးထွက်ပေါ်လာပါတယ်။
အာစရိယဂုဏ်ကို နိမ့်ကျစေတဲ့ သူကို ထိထိရောက်ပြင်းထန်တဲ့ ပစ်ဒဏ် ချမှတ်သင့်တယ်လို့ မှတ်ချက်ပြုသလို တစ်ချို့ ကလည်း ယူကြုံးမရဖြစ်ကာ သေဒဏ်တောင်ချမှတ်သင့်တယ်လို့ ဆိုသူကဆိုပါတယ်။
ဒီလိုဖြစ်စဉ်တွေကို လွှတ်တော်မှာ ဆွေးနွေးတင်ပြဖို့ လည်း ပြည်သူတစ်ချို့ က တောင်းဆိုလာတာ
လည်းတွေ့ ရပါတယ်။
ဒီဖြစ်စဉ်က ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရီုင် ကျိုက်လတ်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာ အလက
(ခွဲ)ကျောင်းမှာ ဖြစ်ပွါး ခဲ့ တာပါ။
ကျိုက်လက်ရဲစခန်းက တာဝန်ရှိ ရဲအရာရှိတစ်ဦးပြောကြားချက်အရ သမိုင်းဘာသာရပ်သင်ကြားတဲ့  ဆရာ ဦးရန်နိုင်(အသက် ၂၈ နှစ်) ဟာ ဟာ မိမိ စာသင်ကြားပေးနေတဲ့ အသက် ၁၅ နှစ် အရွယ် ကျောင်းသူတဦးကို ဆရာများနားနေခန်းအတွင်း ၅ ကြိမ် သားမယားပြုကျင့်ခဲ့သလို အသက် ၁၄ နှစ်အရွယ်ကျောင်းသူတဦးကိုလည်း စာသင်ခန်းအတွင်း ၃ ကြိမ် သားမယားအဖြစ် ပြုကျင့်ခဲ့တယ် လို့  သိရပါတယ်။

“အဲဒီဆရာက သူသင်တဲ့သမိုင်းဘာသာအတွက် ကျောင်းပိတ်ရက်မှာ အချိန်ပိုခေါ်တယ်။ အဲလို အချိန်ပိုခေါ်ပြီးတော့ တခြားကျောင်းသားတွေကို အခန်းထဲမှာ စာကျက်ခိုင်းထားပြီး ပထမကောင်မလေးကို အမှတ်ခြစ်ဖို့ဆိုပြီး ဆရာများနားနေခန်းကို ခေါ်ပြီးတော့ ဆရာ့မှာ သွေးသားနဲ့ပတ်သက်တဲ့ အကူအညီ လိုနေပါတယ်ဆိုပြီး ကလေးမလေးကို ပြောတယ်။

ကလေးမလေးက ငြင်းတော့ ဒီတခါထဲပါဆိုပြီး သားမယားအဖြစ် အဓမ္မပြုကျင့်တယ်။ အဲဒီလိုနဲ့ ၅ ကြိမ်တိုင် သားမယားပြုကျင့်ခဲ့တယ်”လို့ ၎င်းကဆိုပါတယ်။
အသက် ၁၅ နှစ်အရွယ် ကျောင်းသူကို ဇူလိုင်လအတွင်းက သားမယားအဖြစ် ၅ ကြိမ် ပြုကျင့်ခဲ့ပြီးနောက် ကညင်ကိုင်း ကျေးရွာမှ အသက် ၁၄ နှစ်အရွယ် ကျောင်းသူ တဦးကိုလည်း သြဂုတ်လအစောပိုင်း ညနေကျောင်းဆင်းချိန်များမှာ သားမယားအဖြစ် ၃ ကြိမ် ပြုကျင့်ခဲ့တယ်လို့ ရဲစခန်းက
သတင်းထုတ်ပြန်ပါတယ်။

ဒီဖြစ်စဉ်ကို ပညာရေးဌာနက ဆရာ ဆရာမတွေကလည်း ပြစ်တင် ရှံ ချ ပြီး ဝေဖန်မှုတွေ နဲ့ အတူ ကြီးလေးတဲ့  ပြစ်ဒဏ်ပေးစေလိုတယ်လို့ ဆိုပါတယ်။
ကျူးလွန်ခြင်းခံရတဲ့ကျောင်းသူနှစ်ဦးရဲ့  သူငယ်ချင်းမှ ဒီလို အကျင့်မကောင်းတဲ့ ဆရာဆီမှာ စာမသင်ချင်ဘူးဟု လူကြီး မိဘများ ကို ပြောဆိုရာမှ စုံးစမ်းသိရှိကာ သက်ဆိုင်ရာရဲတပ်ဖွဲ့ ထံ မိဘများက စက်တင်ဘာလ (၂၇)ရက်နေ့ မှာ တိုင်ကြားလိုက်တာပါ။

သမိုင်းဘာသာရပ်သင်ဆရာ ဦးရန်နိုင်သည် ၂၀၀၅-၂၀၀၆ ခုနှစ်တွင် မူလတန်းပြဆရာအဖြစ်နှင့် ပညာရေးကောလိပ် ကျောင်းဆင်းကာ မအူပင်မြို့နယ် ရေနုတ်ချောင်းကျောင်း၊ ဂင်္ဂါးကျောင်းများတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၄ အောက်တိုဘာလမှ စတင်ကာ ရွှေညောင်ပင်အလက (ခွဲ)တွင် စတင် ပြောင်းရွေ့ တာဝန် ထမ်းဆောင်နေခြင်းလည်းဖြစ်ပါတယ်။ ကလေးအခွင့်ရေးချိုးဖောက်ခံရတာဖြစ်သလို နောက် လုပ်ဆောင်သူက ဆရာဖြစ်တဲ့ အခါကျတော့ ပိုပြီး ရှု့ွံ့ချစရာကောင်းတယ် အဲ့ ဒီနေရာမှာ အမျိုးသမီးငယ်လေးတွေဟာ ဒိလို ဖြစ်တဲ့ အမှုတွေကို ခံရပေမဲ့  ပြန်မပြောရဲတဲ့ အခြေနေတွေ တွေ့ ရတယ် အဲ့ တော့ သူတို့  အသက်အရွယ် နဲ့ ကိုက်ညီတဲ့  လိင်မှု ဆိုင်ရာအသိပညာတွေ ပေးဖို့ လိုအပ်နေတာကိုလည်း ဖော်ပြနေတာဖြစ်တယ်လို့ 
လူ့ အခွင့်ရေးအကျိုးဆောင် Equality Myanmar ဒါရိုက်တာ ဦးအောင်မျိုးမင်းကပြောပါတယ်။

ကလေးသူငယ်နဲ့ဆိုင်တဲ့  သက်ငယ်မုဒိန်းမှုများကျူးလွန် သည့်အခါ လွတ်ငြိမ်းချမ်းသာခွင့်မရှိ လျော့ပေါ့ရက် မရှိ တဲ့  အမြင့်ဆုံးပြစ်ဒဏ် ချမှတ် ဖို့ လိုအပ်နေတယ်လို့ လည်း၎င်းကဆက်ပြောပါတယ်။
သက်ငယ်မုဒိန်းမှုတွေအရမ်းများလာမှုအပေါ် သေဒဏ် သို့မဟုတ် ကြီးလေးတဲ့ပြစ်ဒဏ်နဲ့ ထိန်းချုပ်သင့်ပါ
တယ်။ ဂျပန်မှာဆိုရင် ကျောင်းသူလေးတွေ အတိုအပြတ်ဝတ်တာတောင် ဘယ်သူမှ ပေါ်တင်မကြည့်ရဲကြဘူး။ အရွယ်မရောက်သေးသူတွေကို လုံခြုံတဲ့ဥပဒေရဲ့ကာကွယ်ပေးထားတယ် အပြည့် အ၀ရထားတယ်လို့ ဂျပန်ရောက် မြန်မာကျောင်းသားတစ်ဦးကပြောပါတယ်။

မိဘဖြစ်သူတွေအတွက်ရင့်နင့်စရာကိစ္စရပ်တစ်ခုဖြစ်သလိုကလေးမလေးနှစ်ယောက်ရဲ့ဘဝကတော့အသက်ရှင်လျှက်နဲ့ လောကကြီးထဲမှာကြိမ်ဖန်များစွာသေနေပါပြီလို့ ရန်ကုန်တိုင်းဒေသကြီးကကျောင်းသားမိဘတစ်ဦးကပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သတ်ပြီး ကျူးလွန်ခြင်းခံရသည့် ကျောင်းသူနှစ်ဦး၏ မိဘများရဲ့  တိုင်ကြားချက်အရ (ပ)၁၉၆/၂၀၁၆ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ ဖြင့်လည်းကောင်း၊(ပ)၁၉၇/၂၀၁၆ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ ဖြင့် လည်းကောင်း၊ကျိုက်လက်ရဲစခန်းက အမှုနှစ်မှုဖွင့်ကာဆောင်ရွက်နေပါတယ်။

အသက်မပြည့် သေးတာရယ် အလို မတူတာရယ် ကြောင့် ပုဒ်မ ၃၇၆ နဲ့  အမှုနှစ်မှု ဖွင့်ထားပါတယ်နှစ်မှု
စလုံးကိုလည်း ရင်ဆိုင်ရမှာပါ ဒီအမှုကလည်း တစ်သက်တစ်ကျွန်းထိ ချမှတ်လို့ ရတယ် ဒါကိုတော့
ထိထိရောက်ရောက် အရေးယူရမှာပါလို့  ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့ ရဲမှူးကြီးထွန်းမင်းကဆိုပါတယ်။
မိဘတွေနဲ့ ဆွေမျိုးအသိုင်းဝိုင်းကတော့ ကလေးတွေ လူညွတ့်  ကျိုးသွားတာကြောင့် အရမ်းစက်ဆုတ်ပြီး
အရမ်းခံပြင်းခဲ့ ရတယ် သို့ သော် လည်းသူတို့  ဥပဒေဘောင်အတွင်းက ပဲတုံပြန်မယ်။ ဒါပေမဲ့  ကြီးလေး
တဲ့  ပြစ်ဒဏ်ကျစေလိုတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံတွင် ကလေးသူငယ်များအားလိင်ပိုင်ဆိုင်ရာကာကွယ်ပေးနိုင်မည့် ဥပဒေ ကို ခိုင်ခိုင်မာမာ
 ပြဌာန်းပေးရန်လိုအပ်နေပြီလို ဥပဒေပညာရှင် တစ်ဦးကဆိုပါတယ်။

တရားရေးအရ အလိုတူခြင်းမတူခြင်းဆိုတဲ့  ပြောဆိုကြပေမဲ့  ဥပဒေအရ အသက် (၁၇)နှစ် မပြည့်သေးသော အမျိုးသမီးလေးတစ်ယောက်ဖြစ်တယ် ဒါ့ကြောင့် သူ့ အပြစ်ကိုတော့ ခံရမှာပဲ နောက်တစ်ခုက ကျောင်းဆရာတွေအတွက်လည်း သိက္ခာကျတယ် အဓိကကတော့ ရွေးချယ်တဲ့ အခါမှာ မစီစစ်တဲ့ သဘောရှိတယ် ဆိုတော့ ကျနော်တို့ သည်ပင်လျှင် ကျနော်တို့ ညီမလေးတွေ ကျောင်းတက်ဖို့ စိတ်မချတော့ဘူး လို့ 
ကျိုက်လက်မြို့ မှ အထက်တန်းရှေ့ နေ ဦးငြိမ်းချမ်းမျိုးက ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့  ပတ်သတ်ပြီး လိုအပ်ပါက အခမဲ့ အကျိုးဆောင် လိုက်ပါဆောင်ရွက်ပေးဖို့ လည်း ကျူးလွန်ခြင်း
ခံရတဲ့ မိဘများထံ ပြောကြားထားတယ်လို့  ၄င်းကဆက်ပြောပါတယ်။
ခုလို ကျူးလွန်မှုဟာ ပညာရေးဌာနနှင့် ကျောင်းဆရာများသိက္ခာကျစေသလို့  မိဘနှင့် ဆရာ များကြား လူ့ အဖွဲ့ အစည်းတစ်ခုကိုပါ ရင်းနှီးချစ်ကြည်မှု နွေးထွေးမှုတွေကိုလည်း ပျက်ပြားစေပါတယ်။
လူ့ အဖွဲ့ အစည်းအစိတ်အပိုင်းတစ်ခုကို  ဖျက်စီးလိုက်ရာလည်းရောက်ပါတယ်။
သူရှိနေလို့  လူ့ အဖွဲ့ အစည်းကိုထိခိုက်စေနိုင်တယ် လူသားမဆန်တော့တဲ့ လူသားတစ်ယောက်ဆိုရင် သူ့ ကို လူတွေထားတဲ့  ထောင်မှာမထားသင့်တော့ ဘူး။သူ့ ကိုတိရစ္ဆာန်ရုံပို့ ရင်လည်းပို့  မပို့ ရင်လည်း တစ်မျိုးစီရင်ဖို့ပဲရှိတယ်။ အကယ်၍ သူ့ ကို အတုယူပြီးတစ်ခြားလူတွေ လိုက်လုပ်ရင် ကျနော်တို့  လူ့ အဖွဲ့ အစည်းပျက်သွားနိုင်တယ်။ ခုဆိုရင် လည်း ကျနော်တို့ လူ့ အဖွဲ့ အစည်းရဲ့အစိတ်အပိုင်းတစ်ခု ဒီကျောင်းဆရာကြောင့် ပျက်စီးသွားပြီ။ ကျောင်းသားမိဘတွေကလည်းဆရာတွေကိုစိတ်မချတော့ ဘူး။ ဆရာတွေကလည်း အရင်လိုနွေးနွေးထွေထွေးမဆက်ဆံရဲတော့ဘူး ဒီနေရာမှာတော့ စံပြ ပြစ်ဒဏ် ပေးသင့် တယ်လို့  ကျနော်ကမြင်တယ်လို့  ဦးငြိမ်းချမ်းမျိုးကဆိုပါတယ်။
ဒီလို သာမာန်ဖြစ်စဉ်မဟုတ်တဲ့ အခြေနေတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေက ပြဿနာတစ်ခုလို့ မြင်တယ်ဆိုရင် နောက်နောင် မဖြစ်အောင် ဆောင်ရွက်ဖို့  တာဝန်ရှိလာသလို သာမာန်မဟုတ်တဲ့ ဖြစ်စဉ်တွေ
ဘာကြောင့် ဖြစ်နေသလဲဆိုတာလည်း အဖြေရှာရမှာပါ။


No comments:

Post a Comment