ချောင်းသာ - စက်တင်ဘာ ၁၇
တရားဥပဒေစိုးမိုးမှုမရှိသရွေ့ ချောင်းသာကမ်းခြေ သည် သန့်ရှင်းသာယာသောကမ်းခြေတစ်ခု မည်သည့်အခါမှ ဖြစ်လာမည်မဟုတ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမန်းဂျော်နီ ကပြောသည်။
ချောင်းသာကမ်းခြေရှိ ဟိုတယ်ဧရာဝတီ၌ ပြုလုပ်နေသော ချောင်းသာကမ်းခြေသန့်ရှင်းသာယာလှပရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲတွင် ဦးမန်းဂျော်နီက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။
"တရားဥပဒေစိုးမိုးမှုဆိုတာနဲ့ နောက်မှာ လာဘ်ပေး လာဘ်ယူဆိုတာ ရှိလာပါတယ်။ ကျွန်တော့် လက်ထက်မှာ အဲဒါတွေကို မလိုချင်ဘူး။ ကျွန်တော် တကယ်ပြောနေတာနော်။ပိုက်ဆံနဲ့လုံးဝမလာကြပါနဲ့"ဟု ၄င်းကပြောသည်။
ယင်းအလုပ်ရုံဆွေးနွေးပွဲကို ချောင်းသာကမ်းခြေ သာယာ သန့်ရှင်းရေး၊ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ ကမ်းခြေကို မှီတင်းနေထိုင်ကြသူများ ဆက်လက် ရှင်သန်နိုင်ရေး တို့အတွက် ရည်ရွယ်ပြုလုပ်ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ချောင်းသာဇုန)်
ဥက္ကဌ ဦးကျော်ခိုင်ကပြောသည်။
ကမ်းခြေသာယာလှပရေး သန့်ရှင်းရေးအတွက် ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းတစ်ခုတည်းက ပြုလုပ်၍ မရကြောင်း နိုင်ငံတော်အစိုးရဘက်ကလည်း ကူညီပေးရန်လိုအပ်ကြောင်း ဦးကျော်ခိုင်က ပြောသည်။
ယင်းအလုပ်ရုံဆွေးနွေးပွဲကို စက်တင်လာလ ၁၆ ရက်နေ့မှ စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာ ၁၈ ရက်နေ့ထိ ပြုလုပ်သွားမည်ဖြစ်ကြောင်းဆွေးနွေးပွဲတွင် ပညာရှင်များနှင့် ဒေသခံများ၏ ဆွေးနွေးချက်များကို ပြည်ထောင်စုအစိုးရ၊ တိုင်းအစိုးရနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ဟိုတယ်လုပ်ငန်းရှင်များထိံ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။
အလုပ်ရုံဆွေးနွေးပွဲကို ဧရာဝတီတိုင်းဝန်ကြီးချုပ် အပါအဝင် အစိုးရအဖွဲ့ဝင်များ၊ တိုင်းလွှတ်တော် ကိုယ်စားလှယ်များ၊ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်များ ဟိုတယ်လုပ်ငန်းရှင်များ ၊ဒေသခံများ တက်ရောက်ကြသည်။
လင်းဟိန်း
Popular
Monday, September 19, 2016
တရားဥပဒေစိုးမိုးမှသာ ချောင်းသာကမ်းခြေသန့်ရှင်းသာယာမည်
တရားဥပဒေစိုးမိုးမှသာ ချောင်းသာကမ်းခြေသန့်ရှင်းသာယာမည်
Reviewed by timeayeyar
on
1:31 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment