Tuesday, August 2, 2016
အစိုးရရုံးရှေ့ မှာဖြစ်တဲ့ လူသတ်မှု
အစိုးရရုံးရှေ့ မှာဖြစ်တဲ့ လူသတ်မှု ဘယ်သူ့ မှာတာဝန်ရှိပါသလဲ ။
သြဂု တ်လ (၁)ရက်နေ့ ည ဆယ်နာရီ ကျော်ခန့် မှာ ဧရာဝတီတိုင်းဒေသကြီးအစိုးရရုံးရှေ့ မှာ ရန်ဖြစ်ရာမှ ဓားဖြင့် အထိုးခံရပြီး လူသေမှုတစ်ခုဖြစ်ပွါးခဲ့ ပါတယ်.
အစိုးရရုံးရှေ့ လူသတ်မှုဖြစ်စဉ်နဲ့ ပတ်သတ်ပြီး ရဲတွေ အပူတပြင်းစုံးစမ်းမှုတွေလုပ်နေတယ်လို့ လည်းရဲအရာရှိတစ်ဦးကအတည်ပြုပြောပါတယ် ။
အခင်းဖြစ်တဲ့ နေရာက ပေ(၇၀)လောက်သာကွာဝေးတဲ့ အစိုးရရုံးရှေ့ တည့်တည့် ဖြစ်ပြီး ထူးခြားတာက အစိုးရရုံးဖြစ်တဲ့ အတွက် ဂိတ်ပေါက်ဝမှာ လုံးခြုံရေး ရဲဝန်ထမ်း (၂)ဦးရှိပါတယ်.။
ရန်ငြိုးရန်စမရှိပါဘူး ဆိုင်ကယ်ကျော်တက်တာက စကာများတာ စဖြစ်တည်းက ရဲတွေကိုတွေ့ တော့ အော်ဟစ်အကူညီတောင်းတယ် ဒါပေမဲ့ ထွက်မလာဘူးထွက်ကြည့်ပြီး ဂိတ်ထဲ ပြန်ဝင်သွားပါတယ် လို့ သေဆုံးခဲ့ သူရဲ့  အမျိုးသမီးက ပြောပါတယ်.။
အခင်းဖြစ်ပုံးက ဓားဖြင့်အထိုးခံလိုက်ရတဲ့ ကောင်လေးနဲ့ သူငယ်ချင်းတစ်စု မုန့်စားပြီးအပြန်မှာ ဆိုင်ကယ်ကျော်တက်ရာမှ အခြားတစ်ဖက် ကသူက လေးခွနဲ့ ပြစ်ရာမှ ရန်ဖြစ်ရင်း ဓားထိုးခံလိုက်ရတာပါ။
ဆေးရုံရောက်တော့ အားလုံးသတိယတယ် လူနာတင်ကားကအကိုက ရန်ကုန်သွားဖို့ လိုမလားဆိုပြီးဆရာဝန်ကိုမေးတော့ ဆရာဝန်ကကြည့်ပြီး စိုးရိမ်စရာမရှိဘူး ဓားထိတဲ့ နေရာက မနက်ဘူးလို့ ပြောတယ် နောက် ဆေးကုတယ် ဆေူကုရင်းမီးကလည်းပျက်သွားသေးတယ် မီးစက်လည်းမမောင်းဘူးဒါနဲ့ လေးနာရီလောက်မှာ ဆုံးသွားတာ လို့  သေဆုံးခဲ့ ရသူရဲ့ အမျိုးသမီးကပြောပါတယ်။
ဒီသေဆုံးမှုနဲ့ ပတ်သတ်ပြီး ဒေသခံပြည်သူတွေက စိတ်ဝင်တစားရှိနေသလို ရဲတွေရဲ့ တာဝန် ၀တ္တရားပါ့ လျော့မှုကိုလည်း အပြစ်တင်နေကြပါတယ်
ပုသိမ်မြို့ ရွှေနင်းဆီလမ်းမှာနေတဲ့ သေဆုံးသူကောင်လေးဟာ အသက်(၁၇)နှစ်ပဲရှိသေးပြီး မနက်ဖြန် သဂြိုလ်မယ့်နေ့ လေးရက်နေ့ ဟာ မင်္ဂလာဆောင်ပြီးနှစ်လတိတိပြည့် တဲ့ နေ့ လည်းဖြစ်ပါတယ်။
မျိးမင်းပိုင် သြဂုတ်လ (၃)ရက် ၂၀၁၆
.............
မနေ့က ပုသိမ်မြို့လည်ခေါင်မှာ ဆိုက်ကယ်ကျော် တက်လို့ဆိုပီး အုပ်လိုပ်နောက်ကနေလိုက်လာပီး နောက်ကနေကုန်းသီးနဲ့ပြစ်တာမိန်းမကပြုတ်ကြ ကောင်လေးကိုဓါးနဲ့ထိုးဒါသေသွားပါတယ်။
သေသူဟာ ထ၃ ကျောင်းသားဟောင်း သငယ်ချင်း ပေါက်ကင်းရဲ့ တူဖြစ်တဲ့အတွက်စိတ်မကောင်းပါ။
ပြည်ကျော်
အစိုးရရုံးရှေ့ မှာဖြစ်တဲ့ လူသတ်မှု
Reviewed by timeayeyar
on
11:25 PM
Rating: 5
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifd2XRucPd7mGy5F553fQSZd9uJnHcvm0A_GZvRzEvLR7dIlF-eYDMmbgScxYfxoIqtRZfZXLs6z6YPnTF818w7JKu0caHdcCh_sAGPTynGeTeKpaTGtGdarZeNykgI6wNvKr4k9-op476/s72-c/%25E1%2581%2589%25E1%2581%2589%25E1%2581%2582.jpg)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment