Latest News

Wednesday, August 3, 2016

ပြည်သူ့လွှတ်တော် ဥက္ကဌကြီးခင်ဗျား..


ပြည်သူ့လွှတ်တော် ဥက္ကဌကြီးခင်ဗျား..
ခင်မင် လေးစားစွာဖြင့် ဤ အိတ်ဖွင့်ပေးစာ ကိုပေးပို့အပ်ပါတယ်....။.
လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် cso များနဲ့ချိတ်ဆက် ဆောင်၇ွက်ရာ
မှာ လွှတ်တော် ဥက္ကဌရဲ့ ခွင့်ပြုချက် ရယူရန်..ဆိုတာ က..ြ့ပည်သူတို့ ရဲ့လွတ် လပ်စွာ လုပ်ဆောင်ခွင့်ကိုပိတ်ပင် ထိန်းချုပ်တာပဲ...လိုမြင်မိပါတယ်။
လွှတ်တော်ကိုယ်စားလှယ် ဆိုတာပြည်သူတွေ ရဲ့ကိုယ်စား ပြည်သူတွေ အရေးကိစ္စတွေ ကို ဆောင်၇ွက်ဖို့ ပြည်သူက တာဝန်ပေးထားတာပါ ။
ပြည်သူကိုယ်စားလှယ် တွေကို တစ်ဦးတစ်ယောက် ရဲ့လက်အောက်မှာ
စေလိုရာစေဖို့ ချုပ်ကိုင်ဖို့ပြည်သူ က လွှတ်တော်ထဲကို ထမ်းတင်ပို့ခဲ့ကြတာ မဟုတ်ပါဘူး။
လွှတ်တော်ကိုယ်စားလှယ် ကပြည်သူတွေ အပေါ်သစ္စာ မဖေါက်ဖို့ စည်းကမ်း ဥပဒေတွေနဲ့ ထိမ်းကျောင်းရမှာဖြစ်ပါတယ်။
ပြီးတော့ ပါတီစုံဒီမိုကရေစီ လွှတ်တော် ဆိုတာ ပြည်သူ့လွှတ်တော် ဥက္ကဌကြီး
မေ့သွားလေသလား၊ တစ်ပါတီလွှတ်တော်မဟုတ်ဘူးလေ။
လွှတ်တော်ထဲ မှာအရောင်စုံရှိနေပါတယ်၊ ဒါကို ဥက္ကဌကြီးမေ့သွား ရော့သလား တစ်ပါတီကနေ တစ်ပါတီကို လွှမ်းမိုးချုပ်ကိုင် သလိုမျိုး လွှတ်တော်နဲ့ အစိုးရ က လုပ်လို့မရပါဘူး။
ဥက္ကဌ ကြီးကို အကြံပြုလိုတာက အသိပေးလိုတာက လွတ်တော်ဥက္ကဌ ဆိုတာ အာဏာပိုင်...အာဏာရှင်မဟုတ်ဘူး...ဥက္ကဌကြီး သြဇာသက်ရောက် အောင် လုပ်စေချင်ပါတယ်။
ဒီလိုပြောဆို ပန်ကြားမှူ မျိုးကိုတော့..
ဒီမိုကရေစီလိုလားသော ပြည်သူတစ်ယောက်အနေနဲ့ရော..တစ်ချိန်က အလံ တစ်ခုအောက် ကနေ
အတူဆောင်ရွက်ဖူးသူ တစ်ဦး အနေနဲ့ရော ကန်ကွက်ပါ တယ်။
မြင့်စိုး NLD ဟောင်း
၁၉၈၈ သာပေါင်းမြို့နယ် တာဝန်ခံ

No comments:

Post a Comment