Latest News

Wednesday, July 6, 2016

ကားနှစ်စီး တနေရာတည်းတွင် လမ်းဘေးသို့ အရှိန်လွန် ထိုးကျ


ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတ မြို့နယ် ဒေါင့်စု ကျေးရွာ အနီး ကားလမ်း ပေါ်မှာ ဒီနေ့ မနက်ပိုင်းက ခရီးသည်တ င်မှန်လုံကား တစီးနှင့် ကီယာ လိုက်ထရပ် ကားတစီးတို့ တနေရာ ထဲမှာ လမ်းဘေးကို အရှိန် လွန်ကာ ထိုးကျ ခဲ့ပါတယ်။

ဒီနေ့ မနက် ၈ နာရီ ခွဲလောက်က ရန်ကုန် ဘက်ကနေ မောင်းနှင် လာတဲ့ ကီယာ လိုက်ထရပ်ကား ဟာ ဇလွန် အဝင် ဒေါင့်စု ကျေးရွာ အနီးမှာ ရှေ့ကားတစီးကို ကျော်တက် ခဲ့ရာက အရှိန် မထိန်း နိုင်တဲ့ အတွက် ညာဘက် လမ်းဘေးကို ထိုးကျ ခဲ့ပါတယ်။

နောက် ၁၄ မိနစ်အကြာ ၈ နာရီ ၄၄ မိနစ်မှာ ဟင်္သာတ မြို့ကနေ ထွက်ခွာ လာတဲ့ ရွှေကမ္ဘာ မှန်လုံကား တစီးလည်း ကီယာ လိုက်ထရပ် ကား လမ်းဘေး ထိုးကျ ခဲ့တဲ့ မလှန်း မကမ်းမှာပဲ အလားတူ လမ်းဘေးသို့ ထိုးကျ ခဲ့ပြီး ကားလမ်း ပိတ်ဆို့ တာတွေ ဖြစ်ခဲ့ ရပါတယ်။

မိုးရွာသွန်းနေချိန်မှာ ကားကို အရှိန်ပြင်းစွာ မောင်းနှင် ခဲ့တဲ့ အတွက် အခုလို လမ်းဘေး ထိုးကျခဲ့ တာလို့ ကားပေါ်မှ စီးနင်းလိုက်ပါ လာတဲ့ ခရီးသည် တချို့က ပြောပါတယ်။

ခရီးသည် တဦး တယောက်မှ ထိခိုက် ဒဏ်ရာ ရရှိတာ မရှိဘဲ အခုလို မိုးရာသီမှာ မကြာခဏ လမ်းချော်ပြီး လမ်းဘေး ထိုးကျတာတွေ ဖြစ်ပေါ် တတ်တယ်လို့ သိရှိရ ပါတယ်။

သတင်း၊ ဓာတ်ပုံ – ကိုကြက် (ဟင်္သာတ)

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/157994

No comments:

Post a Comment