Latest News

Wednesday, July 6, 2016

အကြွေးမရသဖြင့် လယ်စာရင်းငှား၏ ကလေးများကို နှိပ်စက်ခဲ့သည့်အမှု တတိယအကြိမ် ရုံးထုတ်မည်


Byဖိုးတုတ်
On Wed, 2016-07-06 10:13
 အကြွေးတောင်း၍မရ ခြင်းကြောင့်     လယ်ပိုင်ရှင်က လယ်စာရင်းငှား၏ ကလေးနှစ်ဦး ကို ခေါ်ဆောင်ပြီး တစ်ဦးကို သံ ကြိုးဖြင့်ချည်ကာ အခြားတစ်ဦး ကို မြစ်အတွင်း ပစ်ချနှိပ်စက်ခဲ့ သည့်အမှုကို မော်လမြိုင်ကျွန်း မြို့နယ် တရားရုံး၌ ယခုလ ၇ ရက်တွင် တတိယအကြိမ် ရုံး ထုတ်စစ်ဆေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ယင်းအမှုသည် မေလ ၁၁ ရက်က ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ် ကြက် လျှာကျေးရွာအုပ်စု မာလိန်ရွာ တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အကြွေး မဆပ်နိုင်သဖြင့် နေအိမ်အတွင်း ကျန်ရှိနေသည့် ကလေးငယ်နှစ်ဦး ကို နှိပ်စက်ခဲ့သောအမှုဖြစ်သည်။

‘‘ဖြစ်စဉ်ကတော့    မှန်ပါ တယ်။ ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးပြီး တရားရုံးကို တရားစွဲ ဆိုတင်ပို့ထားပါတယ်။ တရားရုံး ကတော့ အာမခံပေးလို့ရတဲ့အမှု ဖြစ်တဲ့အတွက် အာမခံပေးထား ပါတယ်။ ရုံးချိန်းကတော့ နှစ်ပတ် ပြီးပါပြီ’’ဟု မြတ်သာနယ်မြေရဲ စခန်းမှ ရဲအရာရှိတစ်ဦးကပြော သည်။

အကြွေးမဆပ်နိုင်သဖြင့် ဇေ ထက်နိုင် အသက် (၈) နှစ် ပထမ တန်းကျောင်းသားကို လည်ပင်း တွင် သံကြိုးဖြင့်ချည်ကာ နှိပ်စက် ခဲ့ပြီး အသက် (၅) နှစ်အရွယ် သူငယ်တန်းကျောင်းသား မောင် မျိုးသန့်ကို တံတားပေါ်မှ မြစ်အ တွင်းသို့ ပစ်ချခဲ့ခြင်းဖြစ်သည်။

‘‘မိဘတွေမှာ အကြွေးရှိတာ က မိဘတွေနဲ့ပဲ ဆိုင်မယ်ထင်ပါ တယ်။ ကလေးတွေမှာ အပြစ်မရှိ သလို အခုလိုလုပ်တာလည်း မ ဖြစ်သင့်ပါဘူး။ နောက်ပြီးကလေး တွေက အရွယ်ငယ်ငယ်လေးတွေ ပဲရှိသေးတယ်။ တရားရုံးက အာ မခံပေးထားတာတော့ သိတယ်။ ဒီလုပ်ရပ်က လူသားဆန်တဲ့ လုပ် ရပ်မဟုတ်ဘူးလို့ ပြောချင်ပါ တယ်’’ဟု အဆိုပါကျေးရွာနေ အ မျိုးသားတစ်ဦးကပြောသည်။

ပြစ်မှုကျူးလွန်သူ ကျော်မျိုး အောင်(ခ) ကုလားလေး (၃၇)နှစ် ကို မြတ်သာနယ်မြေ ရဲစခန်းက ပြစ်မှုပုဒ်မ ၃၄၂/၃၂၃ နာကျင် စေမှု၊ ချုပ်နှောင်မှု စသည်တို့ဖြင့် မော်လမြိုင်ကျွန်းမြို့နယ်တရား ရုံးတွင် တရားစွဲဆိုထားကြောင်း သိရသည်။
7Daydaily

No comments:

Post a Comment