Latest News

Thursday, July 7, 2016

လူမှုကွန်ယက်တွင် နိုင်ငံတော်အကြီးအကဲများအား လှောင်ပြောင်ရေးသားသူ ရဲစခန်းတွင် ခံဝန် ရေးထိုးရ

သတင်း  ပြည်တွင်း
စည်သူမောင်မောင်


ပုသိမ်၊ ဇူလိုင် ၅ ။                  ။ လူမှုကွန်​ယက်​တွင်​ နိုင်​ငံ​တော်​အကြီးအကဲများအား ဂုဏ်​သ​ရေထိခိုက်​​အောင်​​ရေးသားခြင်း၊ နိုင်​ငံတကာအသိအမှတ်​ပြု နိုဘယ်​လ်ဆုအား သ​ရော်သည့် အ​ရေးအသားများ ​ရေးသူအား ​ကျောင်းကုန်းမြို အမှတ်​၂ရပ်​ကွက်​​နေ​မောင်​​ကျော်​​ဇေယျဖြိုးအား ဇူလှိုင်​လ၅ရက်​​နေ့တွင်​ ​ကျောင်းမြို့မရဲစခန်းတွင်​ ​နောက်​​နောင်​မလုပ်​ရန်​ ခံဝန်​လက်​မှတ်​ ​ရေးထိုးခဲ့သည်။

"သူ wall မှာတင်​ထားတယ်​။
နိုင်​ငံ​တော်​အကြီးအကဲကို သ​ရော်​တဲ့စာ​တွေ၊ NLDပါတီနဲ့ ဘာသာခြား​တွေကြားထဲမှာ အထင်​အမြင်​လွဲမှားနိုင်​​စေတယ်​။ ဘာသာ​ရေးကိစ္စ​တွေ အကြိမ်​ကြိမ်​တင်​ထားလို့ သူကို commentက​ကော chat boxက​ကော အကြိမ်​သတိ​ပေးတယ်​၊ မ​ရေးသင့်​ဘူး။ မှား​နေတယ်​မလုပ်​ပါနဲ့ အကြိမ်​သတိ​ပေးလို့မရတဲ့အဆုံးကျမှ ရဲစခန်းကိုသွားအ​ကြောင်းကြားတာ​ပေါ့။ သူ အကြိမ်​ကြိမ်​​တောင်းပန်​တယ်​ ကျွန်​​တော်​တို့က တမြို့ထဲသားချင်း​တွေဖြစ်​​နေ​တော့ ​လော​လောဆယ်​​ကျေ​အေးတယ်​လို့ မ​ပြောပါဘူး။ ​နောက်​​နောင်​ဒီလိုမျိုး​တွေပဲ အကြိမ်​ကြိမ်​​စော်​ကား​နေမယ်​ ပြဿနာဆက်​လက်​​တက်​​နေမယ်​ဆို ဥပ​ဒေအရ အ​ရေးယူဖို့ဆက်​လက်​ကြိုးစားသွာမှာ။" ဟု ​ကျောင်းကုန်းမြို့နယ်​​နေ ဦး​သောင်းလှဝင်းက မဇ္ဈိမသို့​ပြောသည်​။


လူမှုကွန်​ရက် ဖေ့စ်ဘုတ်စာမျက်​နှာတွင်​ ​ကောင်းမြတ်​အ​ကောင့်​ဖြင့်​​ နိုင်​ငံ​တော်​အကြီးအကဲများအား ဂုဏ်​သ​ရေထိခိုက်​​အောင် ရေးသား​ဖော်​ပြခြင်း၊ ဘာသာ​ရေး၊ လူမျိုး​ရေစပဋိပက္ခဖြစ်​ပွား​စေနိုင်​စာသား ​ရေးသား​များ​ရေးသား​ဖော်​ပြခြင်း၊ နိုင်​ငံတကာအသိအမှတ်​ပြု နိုဘယ်​ဆုအားထိခိုက်​သ​ရော်​သည့်​ အ​ရေးအသားများ ​ရေးသားခြင်းများပြုလုပ်​၍ မောင်​​​ကျော်​​ဇေယျဖြိုးဆိုသူအား ​ခေါ်ယူ ခံဝန်​​ရေးထိုးခိုင်းပြီး ​နောက်​​နောင်​​ရေးခြင်းမပြုလုပ်​ရန်​ခံဝန်​ကတိ လက်​မှတ်​​ရေးထိုးခိုင်းလိုက်ခြင်းဖြစ်သည်။

နောက်​​နောင်​ လူမှုစာမျက်​နှာတွင်​ ​ရေးသားသ​ရော်​ခြင်းများမပြုလုပ်​ရန်​ ပြုလုပ်​လျှင်​ ဥပ​ဒေအရအ​ရေးယူ​ဆောင်​ရွက်​မည်​ဖြစ်​​ကြောင်း ​ကျောင်းကုန်းမြို့မ ဒုရဲမှူးက သတိ​ပြောကြားသည်​။

"သူတို့ မထိခိုက်​​စေချင်​ပါဘူး။ အကျိုးမရှိလုပ်​တာမျိုး​တွေ ​နောက်​ထပ်​မလုပ်​ဖို့အ​ရေးကြီးပါတယ်​။ ထပ်​​ရေးတာမျိုးရှိရင်​ ကျွန်​​တော်​ ဥပ​ဒေအတိုင်း​လုပ်​​​ဆောင်​သွားမယ်" ဟု ကျောင်းကုန်းမြို့​နေ ဦးသားကြီးက ပြောသည်​။
Mizzima

No comments:

Post a Comment