မကြာသေးမီ ရက်ပိုင်းအတွင်းက ဧရာတိုင်းကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွက် ငွေလုံးငွေရင်း အသုံးစရိတ်ရံပုံငွေနဲ့ ဧရာဝတီတိုင်းဒေသကြီးအတွင်း တည်ဆောက်မယ့် တံတားများ အတွက် ကုမ္ပဏီ ၄ ခု၊ လမ်းများအတွက်ကုမ္ပဏီ ၁၉ ခုနှင့် ရေရရှိရေးလုပ်ငန်းများ အတွက်ကုမ္ပဏီ ၃ ခုတို့ ကိုရွေးချယ်ခဲ့ပါတယ်။
ဒီမှာတစ်ချက်ထူးခြားတာက ဧရာတိုင်းအတွင်း အရင်နှစ်ပိုင်းတွေ ကလုပ်ကိုင်ဖူးတဲ့ ကုမ္ပဏီကြီး တစ်ချို့မအောင်မြင်ခဲ့ပါဘူး။
ကုမ္ပဏီကြီးတွေဆိုတော့ သိတဲ့အတိုင်း အ၀င်အထွက် အပေးအယူ ညက်ပြီးသားသူတွေပါ အဲ့ဒီလူတွေက မအောင်မြင်တော့ ဒီခေတ်လုပ်နေကြပုံစံအတိုင်း သတင်းစာရှင်းလင်းပွဲလုပ်မယ်ဆိုပြီး လုပ်ရိုးလုပ်စဉ်အတိုင်း မီဒီယာနဲ့ချဉ်းကပ်ပြီး အော်မယ့်အနေအထားတွေ လုပ်ဆောင်လာကြပါတယ်။
ကျွန်တော်ကတော့ ဘယ်ကနေဖုန်းနံပါတ်ရမှန်းမသိ ဆက်လာတဲ့လူကြီးတွေ ကိုအားနာနာနဲ့ပဲ လုပ်ရင်လုပ်ပါ ။ကျွန်တော်တက်မှာ မဟုတ်ပါ ဘူး။ ရေးရဲတဲ့သတင်းထောက်ရှိရင်လဲရေးပါ ။တန်ပြန်ဖို့ပြင်ဆင်ထားပါတယ် လို့ပဲပြောလိုက်ပါတယ်။
ဘာကြောင့်ဒီလိုပြောရလည်းဆိုရင် အဲ့ဒီရွေးချယ်မှုတွေကို အစအဆုံးကျွန်တော်တို့ကိုယ်တိုင် မြင်တွေ့ကြားသိနေရလို့ပါပဲ။ တချို့အောင်မြင်ခဲ့တဲ့ ကုမ္ပဏီတွေဆိုရင် ဧရာတိုင်းအခြေအနေကို သိပ်မယုံတော့ သူတို့တင်ထားတဲ့လမ်းကို ဆိုင်ကယ်လေးနဲ့ သွားကြည့်တာ မျိုးတွေတောင်ရှိပါတယ်။
သက်ဆိုင်ရာမြို့နယ်ရုံးတွေက စာရေးတွေကအစ နာရီဝက်တစ်နာရီ လောက်ခရီးသွားရမှာ သူတို့ကိုဆိုင်
ကယ် Taxi နဲ့ ခေါ်တာတောင် မိုးတွင်းကြီးမညဉ်းမညူ အပင်ပန်းခံ လိုက်ပါပေးပြီးကုမ္ပဏီ ကြီးသည်
ငယ်သည် ကားနဲ့လာသည် ဆိုင်ကယ်နဲ့ လာသည် မတွက်ပဲ တကယ်လုပ်ချင်တဲ့ကုမ္ပဏီ အတွက် သူတို့လာကြည့်ပါတယ် လက်မှတ်ထိုးပေးခဲ့တွေက အစသိနေရပါတယ်။
အဲ့ဒါကြောင့် ဒီဌာနရဲ့ရွေးချယ်မှု ဟာဒီနှစ်အတွင်ဧရာတိုင်းအတွင်း ဖြစ်ပေါ်လာမယ့် လမ်း၊တံတားနဲ့ ရေ
ရရှိရေးလုပ်ငန်းတွေအတွက် အကောင်းဆုံးရွေးချယ်မှုလို့သတ်မှတ်ထားရင်း တစ်ဖက်ကလည်း ငွေရှိရုံတခုထဲနဲ့ လူတွင်ကျယ်လုပ်လို့မရသေးဘူး၊ integrity လို့ ခေါ်တဲ့ ကိုယ်ကျင့်တရားနဲ့ ဂုဏ်သိက္ခာ ရှိဖို့လိုသေးတယ်ဆိုတာ သင်ခန်းစာယူဖို့ကို ငွေရှင်တွေအတွက် ပြသသွားတဲ့ လုပ်ရပ်အဖြစ် မှတ်တမ်းတင်ပါကြောင်း ဧရာတိုင်းကျေးလက်ဖွံ့ဖြိုးရေး ဦးစီးဌာနညွန်မှုး ဦးစိုးသန်းနဲ့ ၀န်ထမ်းများအားလုံးကို ဂုဏ်ပြုရေးသားအပ်ပါ
သည်။
မျိုးမင်းထွန်း
မြစ်မခသတင်းအေဂျင်စီ
ဧရာတိုင်းတာဝန်ခံ အကြီးတန်းသတင်းထောက်
Monday, July 18, 2016
ယှဉ်ပြိုင်မှု (သို့) ပြည်သူအတွက်ရွေးချယ်မှု
ယှဉ်ပြိုင်မှု (သို့) ပြည်သူအတွက်ရွေးချယ်မှု
Reviewed by timeayeyar
on
10:23 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment