Latest News

Saturday, July 16, 2016

ရက်လည်ဆွမ်းသွတ်ချိန်ထိ မြေမချရသေးသော ငွေဆောင်မြို့ မှ အသုဘ



ငွေဆောင်မြို့ ဇီးမှော်လမ်းပိတ်ဆို့ထားမူ့နှင့်ပါတ်သက်၍အငြင်းပွားနေဆဲမှာပင် ထိုပိတ်ဆို့ထားသောလမ်းထဲမှ ဦးတိုး၏သမီးမှာ သေဆုံးသွားခဲ့ပါသည် ။ယနေ့ဆိုလျှင်(၆)ရက်ရှိနေပြီဖြစ်သော်လည်း သေဆုံးသူအားမြေမြူပ်နိုင်ရန်သုဿန်သို့ပို့ဆောင်မည့်လမ်းမရှိသည့်အတွက် အုပ်ချုပ်ရေးပိုင်းများလည်းခေါင်းခြောက်နေရပါသည်။ရဲစခန်းဟောင်းဘက်မှလမ်းတလမ်းရှိသော်လည်း ရိုးရာဓလေ့ထုံးအရ အဆန်လမ်းဖြစ်နေသည့်အတွက် ရပ်ကွက်မှထိုလမ်းအားအသုဘအချမခံဖြစ်နေပါသည်၊ထို့အတွက်ကြောင့် အသုဘထွက်စရာလမ်းမရှိပါ။
မနက်ဖြန်ဆိုထိုအလောင်းထားရှိသည်မှာ(၇)ရက်လည်ပြီဖြစ်ရာ မြန်မာတို့ထုံးစံအတိုင်းရက်လည်ဆွမ်းသွတ်ပါကအလောင်းပါ ရှိနေဦးမည်ဖြစ်ပါသည်။ ပထမအစိုးရလက်ထက်က ထိုဇီးမှော်လမ်းအား ၁၆ပေခွဲထားရှိရန်တရားဝင်အမိန့်ကျခဲ့သော်လည်း အုပ်ချုပ်ရေးပိုင်း၏အလေးမထားမူ့ကြောင့်ယခုကဲ့သို့ပြဿနာဖြစ်နေရခြင်းဖြစ်ပါသည်။

ထိုလမ်းမြေအား ပိုင်ရှင်အမှန်တကယ်ရှိသည်ဆိုပါကလည်းအစိုးရမှ သင့်တော်သည့်လျော်ကြေးပေးပြီးလမ်းအားဖွင့်ခိုင်းခြင်းဖြင့်ပြဿနာကို ပြေလည်စေရန်ဖြေရှင်းလို့ရပါသည်။ အခုတော့ အသုဘလည်းမချရ ဖြစ်သောကြောင့် သေတဲ့သူလည်းသုဿန်သို့မသွားရ ၊တနည်းပြောရလျှင်မသာအခွင့်အရေးဆုံးရူံးနေသောကြောင့် အသုဘပိုင်ရှင်လည်းစိတ်ညစ်ရဖြစ်နေပါသည်။

သတင်းဓာတ်ပုံ-Ko Naing







No comments:

Post a Comment