Latest News

Tuesday, July 19, 2016

ပုသိမ်မြို့ တွင် စံချိန်တင်အများဆုံး မှုးယစ်ဆေးဝါးများဖမ်းဆီးရမိ

(၁၉.၇.၂၀၁၆) ရက်နေ့ည (၇) နာရီအချိန်ခန့်က ပုသိမ်မြို့ မရဲစခန်းမှ နယ်ထိန်းတပ်ဖွဲ့ဝင်များသည်
ပုသိမ်မြို့တွင် မှုးယစ်ဆေးဝါးသတင်းများ စုံစမ်းနေစဉ် ရန်ကုန်မြို့မှ လူ(၅)ဦး
သည် Honda Fit အဖြူရောင်ဖြင့် ပုသိမ်မြို့သို့ရောက်ရှိလျက် မူးယစ်ဆေးဝါးများ ရောင်းချ/သုံးစွဲနေကြောင်းနှင့် အထည်ချုပ်စက်ရုံအနီး City Star တည်းခိုခန်းတွင်တည်းခိုနေကြောင်း သိရှိရသဖြင့် သက်သေများဖြင့် ဝင်ရောက် ဖမ်းဆီးခဲဖမ်းဆီးစဉ်
City Star တည်းခိုခန်း အခန်းအမှတ် (၁၀၆ တွင်ကျော်ဇင် ၃၇ နှစ် ရန်ကုန်မြို့နေသူအား ဆေးပြား
(၈၁၃) ပြားနှင့် ဆေးသုံးစွဲရာတွင် အသုံးပြုသော ပစည်းများနှင့် လည်းကောင်း
အခန်းအမှတ် (၁၀၄) တွင် ဇင်ဦး၂၃ နှစ် လှိုင်သာယာမြို့နှင့် စိုးပိုင်ထွန်း ၂၅ နှစ် လပွတာမြို့နေသူ (၂)ဦးအားမူးယစ်ဆေးပြားများနှင့် သုံးစွဲရာတွင်အသုံးပြုသောပစည်းများနှင့်လည်းကောင်း
အခန်းအမှတ် (၁၀၂)တွင် အောင်ထက်စံ ၂၀ နှစ် လှိုင်သာယာမြို့နှင့် အောင်သီဟ ၁၉ နှစ် ကမာရွတ်မြို့နေသူ (၂) ဦးအား မူးယစ်ဆေးပြားများနှင့် သုံးစွဲရာတွင်အသုံးပြုသော ပစည်းများ ၄င်းတို့ကိုင်ဆောင်သော လက်ကိုင်ဖုန်း (၅) လုံး ၄င်းတို့စီးနင်းလာသော YGN 9D 4592 Honda Fit အဖြူရောင်တို့အား ဖမ်းဆီးသိမ်းဆည်းခဲ့
တရားခံများအား မှုးယစ်ဆေးဝါးများအား သယ်ဆောင်ရာ လမ်းကြောင်းများ ဖြန့်ဖြူးရောင်းချမှုများအား ပုသိမ်မှုးယစ် တပ်ဆွယ်မှ တပ်ဖွဲ့ဝင်များဖြင့် ပူးပေါင်းစစ်ဆေးဖော်ထုတ် လျက်ရှိပါကြောင်း
ပုသိမ်မြို့သူ/သားများအား သိစေအပ်ပါသည်
ကျေးဇူးတင်ပါသည်










No comments:

Post a Comment