Latest News

Tuesday, July 19, 2016

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် မဲဆန္ဒရှင်ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲ




ကျွန်တော်တို့ ပြည်သူတွေအတွက် ငပုတော တစ်မြို့နယ်လုံး သိန်းတစ်ထောင်သုံးစွဲခွင့် ရှိပါတယ် ။
အခွန် နှစ် ရာခိုင်နှုန်းဆောင်ပြီး အမှန်တကယ် လိုအပ်ချက်ရှိတဲ့ ကျေးရွာတွေအတွက်
သိန်းငါးဆယ်ထက်မများတဲ့ ငွေတွေကို ပြည်သူကို ပြန်ပေး မှာဖြစ်ပါတယ် ။
ကျွန်တော်တို့ ပိုက်ဆံနဲ့ပေးတာ မဟုတ်ပါဘူး ။
ကျွန်တော်တို့ကို ကျေးဇူးတင်စရာ မလိုပါဘူး ။
နိုင်ငံတော်က ဥပဒေနဲ့ အညီထောက်ပံ့ ကူညီတဲ့ ငွေတွေဖြစ်ပါတယ် ။
လွှတ်တော်ကိုယ်စားလှယ်တွေက ကော်မတီ ဖွဲ့ပြီးပေးသွား မှာဖြစ်ပါတယ် ။
ဒီလို ငွေတွေကို ကျွန်တော်တို့ ကပေးတယ်ဆိုပြီး ၂၀၂၀ မှာ ကျွန်တော်တို့ NLD ပါတီနဲ့ ကျွန်တော်တို့ ကိုယ်စားလှယ်တွေ ကို မဲပေးဖို့ မလို ပါဘူး ။
နိုင်ငံတော်က ပြည်သူတွေကို ပြည်သူ့ငွေ နဲ့ ပြန်ပေးတာ ဖြစ်ပါတယ် ။ ။
ဦးသန်းအောင်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ငပုတော မဲဆန္ဒနယ် ၊ ငပုတောမြို့နယ် ။
ဧရာဝတီတိုင်း ။
8.6.2016
စပါးကြီးကျေးရွာ အုပ်စု
နတ်မော်ကျေးရွာ အုပ်စု
အနောက်ဘက်ပင်လယ်ကမ်းခြေ ဒေသ
ငပုတောမြို့နယ်
ဧရာဝတီတိုင်း ။
သတင်းဓာတ်ပုံ  -  U Win Soe 






No comments:

Post a Comment