Latest News

Friday, July 8, 2016

ဧရာအစိုးရနဲ့ရွှေကျွန်းသာ အငြင်းပွားလယ်မြေပြဿနာ"



ဧရာဝတီတိုင်းလပွတ္တာ၊ရွှေကျွန်းသာသစ်တောကြိုးဝိုင်းအတွင်းအငြင်းပွားမှုဖြစ် နေသောလယ်ယာမြေများနှင့်ပတ်သက်၍ လယ်ယာစိုက်ပျိုးရေးနှင့် ဆည် မြောင်းဝန်ကြီး ဦးဗဟိန်း၏ပြောကြားချက်။ လပွတ္တာရွှေကျွန်းသာသစ်တောကြိုးဝိုင်းအတွင်းဖြစ်ပွားနေသောလယ်ယာအငြင်းပွား မှုကြောင့် လူအသက်သေဆုံးသည်အထိဖြစ်ခဲ့ရပြီး ယခုအစိုးရသစ်လက်ထက်တွင် အငြင်းပွားနေသောလယ်မြေများ၌နှစ်ဖက်လယ်သမားများဝင်ရောက်ထွန်ယက်ခြင်းမပြုလုပ်ရန်အမိန့်ထုတ်ပြန်ထားခဲ့ကြောင်းသိရှိရပါသည်။

ဝင်ရောက်ထွန်ယက်ပါက ပထမအကြိမ်သတိပေးမှတ်တမ်းတင်မည်ဖြစ်ပြီး ဒုတိယအကြိမ်တွင် ခြေချုပ်နှင့်ခံဝန်ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်းသိရှိရသည်။ ယခုကဲ့သို့ အမိန့်ထုတ်ပြန်ထားသော်လည်း ၀င်ရောက်ထွန်ယက်မှုများရှိနေ ကြောင်း၊ဒေသဆိုင်ရာအာဏာပိုင်များကလည်း အရေးယူမှုတစ်စုံတစ်ရာမရှိကြောင်းလည်းကြားသိရသည်။

 မြေလွတ်၊မြေလပ်၊မြေရိုင်းဥပဒေအရ စီမံကိန်းဖျက်သိမ်းသွားလျှင် လယ် မြေကို မူလလက်ငုတ်လယ်သမားကိုပြန်လည်ပေးအပ်ရမည့်အချက်မှာ မှန်ကန်သော်လည်း ရွှေကျွန်းသာရှိလယ်မြေများမှာ မြေလွတ်မြေရိုင်းမဟုတ်ကြောင်း သစ်တောကြိုးဝိုင်းအတွင်းမှသစ်တောမြေများဖြစ်ကြောင်း ဧရာဝတီတိုင်းအစိုးရအဖွဲ့သုံးလပတ်အစည်းအဝေးတွင် ၀န်ကြီးဦးဗဟိန်းကပြောကြားခဲ့သည်။

ယခုလ ၄ရက်နေ့က ဧရာဝတီလယ်ဆည်ဝန်ကြီးဦးဗဟိန်းမှ နှစ်ဖက်လယ်သမားများထံ ဒုတိယအကြိမ်ထပ်မံသွားရောက်၍ ညှိနှိုင်းဖြေရှင်းပေးခဲ့သော်လည်းပြေလည်မှုမရရှိသောကြောင့်အစိုးရမှ ယခုလယ်မြေများကို သစ်တောဌာနသို့ ပြန်လည်အပ်နှံမည်ဟုလည်းကြားသိရပါသည်။
တိုင်းဧရာ



လပွတ္တာမြို့နယ်၊ကြာကန်ကွင်းပေါက်ကြိုးဝိုင်း အကွက်အမှတ် ၄၊၅၊၆ ရွှေကျွန်းသာကျွန်းရဲ့ မပြီးဆုံးသေးသော ပြသနာများ-
သစ်တောနယ်မြေအတွင်းမှာ မြေလွတ်မြေရိုင်း ဥပဒေကို အကြောင်းပြပြီး လယ်ယာမြေချဲ့ထွင်ခဲ့ခြင်းကို တိုင်းဒေသကြီး စိုက်ပျိုးရေး/သစ်တောဝန်ကြီးမှ တိုင်းဒေသကြီးအစည်းအဝေးတွင် ရှင်းလင်းဆွေးနွေး နေခြင်းဖြစ်ပါသည်။
" သစ်တောနယ်မြေအတွင်း သစ်တောစိုက်ခင်းများတည်ထောင်ခြင်း ဟာ သစ်တောဖုံးလွှမ်းမှုကောင်းမွန်အောင် ပျက်စီးနေတဲ့သစ်တောနယ်မြေတွေ ကို ပြန်လည်ထူထောင်ခြင်းဆောင်ရွက်တာ ဖြစ်ပါ တယ်၊ သစ်တော နယ်မြေဖြစ်လို့သစ်တောဥပဒေနှင့်အညီ ရေရှည်ထိန်းသိမ်းကာကွယ်ဘို့လိုအပ်မှာဖြစ်ပါတယ်" ဆိုတာ ဒေသခံတွေရော အဖွဲ့အစည်းတွေပါ နားလည်စေချင်ပါ တယ်၊
သစ်တောဥပဒေအရ " ကြိုးဝိုင်းအတွင်း သစ်တောဦးစီးဌာနမှ ခွင့်ပြုချက်မရှိဘဲ မကျူးးကျော်ရ" ဆိုသော်လည်း သစ်တောနယ်မြေအတွင်း စီမံကိန်းများဖြင့် နှစ်စဉ်စပါးစိုက်ပျိုးမြေဖေါ်ထုတ်ခဲ့တာ၊ သစ်တောမှု ကျုးလွန်သူများမှာ လယ်သမားများ ဖြစ်နေတဲ့အတွက် တရားစွဲခွင့်မရခဲ့တာ၊ သစ်တောဌာနကို မညှိနှိုင်းဘဲ စပါးစိုက်ပျိုးခွင့် ဗယက-ပုံစံ(၁၆)ထုတ်ပေးတာ စတဲ့ ဖြစ်ရပ်များဟာ ဒေသခံများရဲ့နားလည်မှုကို လွဲမှားမှုဖြစ်စေခဲ့ပါတယ်။
သစ်တောကြိုးဝိုင်းအတွင်းသစ်တောဥပဒေစိုးမိုးမှု အားနည်းခြင်းသည် ဒီရေတောများ ပျက်စီးရခြင်း၏ အဓိကအကြောင်းရင်းတစ်ခုဖြစ်ပါတယ်၊

No comments:

Post a Comment