Friday, July 1, 2016
အားကစားဖွံ့ဖြိုးရေးအတွက် မီနီမာရသွန်ပြိုင်ပွဲ ကျင်းပ
ကျုံပျော် ဇွန် ၃၀
၂၀၁၆ ခုနှစ်၊ ကျုံပျော်မြို့နယ် အားကစား ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (TSDP)ဖြင့် ကျင်းပပြုလုပ်သော မီနီမာရသွန် အပြေး ပြိုင်ပွဲကို ဇွန်(၃၀)ရက် ရက် နံနက်(၅) နာရီခွဲ အချိန်က အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့တွင် စတင်ကျင်းပရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးအောင်နိုင်က သေနတ်ပစ်ဖောက်၍ တာလွှတ်ပေးခဲ့သည်။
ပြိုင်ပွဲသို့ မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်း(၁၈) ကျောင်းမှ အထက်တန်း၊ အလယ်တန်း ကျောင်းသားကျောင်းသူ (၂၄၀) ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး၊ အမျိုးသား ပထမဆုကို မောင်ဝဏ္ဏ(ဒိုက်ပျက် အ.ထ.က)၊ ဒုတိယဆုကို မောင်ကျော်နိုင်လင်း (ရွာသစ် အ.လ.က)နှင့် တတိယဆုကို မောင်ဝင်းထွဌ်ဇော် (ကျုံပျော် အ.ထ.က) တို့က ရရှိကြပြီး၊ အမျိုးသမီး ပထမဆုကို မမေစန်းလွင် (ဒိုက်ပျက် အ.ထ.က)၊ ဒုတိယဆုကို နမ့်ခလိန်းဆန်(မဲဇလီ အ.ထ.က)နှင့် တတိယဆုကို မပန်းမြတ်မွန်(မဲ ဇလီ အ.ထ.က)တို့က အသီးသီးရရှိခဲ့ကြသည်။
ဆုများကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးအောင်နိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထွန်း နှင့်စည်ပင်သာယာရေး အဖွဲ့ အမှုဆောင်အရာရှိ ဦးခင်ဇော်ဝင်းတို့က အသီးသီးပေးအပ်ကာ နှစ်သိမ့်ဆုရရှိသူများကိုလည်း ရွေးချယ်၍ ဆုများ ထပ်မံချီးမြင့် ပေးခဲ့ကြောင်း သိရှိရသည်။
နေ၀င်းမြင့်(ပြန်/ ဆက်)
MOI
အားကစားဖွံ့ဖြိုးရေးအတွက် မီနီမာရသွန်ပြိုင်ပွဲ ကျင်းပ
Reviewed by timeayeyar
on
4:41 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment