Latest News

Friday, July 1, 2016

အိုင်သပြုကျေးရွာမှ အိမ်ခြေ ၅၀၀ ခန့် င၀န်မြစ်ကမ်းပြိုမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရ


မျိုးမင်းထွန်း - ဧရာဝတီတိုင်း(မြစ်မခ)

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ အိုင်သပြုကျေးရွာ၌ င၀န်မြစ်ရေတိုက်စားမှုကြောင့် အိမ်ခြေ ၅၀၀ ခန့် မြစ်ကမ်းပြိုကျမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း ဒေသခံများထံမှ သိရှိရသည်။

၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှ စတင်ပြီး အိုင်သပြုကျေးရွာကမ်းနားပိုင်းရှိ အိမ်များကမ်းပြိုကျရာတွင် ပါသွားခဲ့ပြီး လက်ရှိတွင်လည်း ကမ်းပြိုမှုများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

ကမ်းပြိုသည့်နေရာမှာ ဧရာဝတီတိုင်းရှိ မြို့နယ် ၈ ခုကို ရေလွှမ်းမိုးမှုမဖြစ်စေရန် တည်ဆောက်ထားသည့် င၀န်မြစ်ရေတားတမံနှင့် ပေ ၁၅၀ ခန့်သာ ကွာဝေးသည့်အနေအထားသို့ ရောက်ရှိနေကြောင်း သိရသည်။
Shwe Myitmakha Media Group


No comments:

Post a Comment