Latest News

Friday, June 17, 2016

ညအချိန် Probox တက္ကစီယာဉ်ဖြင့် မအူပင်မြို့သို့ လာရောက်ကာ ဆိုင်ကယ် ခိုးယူသည့်အဖွဲ့အား ဖမ်းဆီးရမိ


(၁၆ -၆- ၂၀၁၆)
ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်ခရိုင်၊ မအူပင်မြို့မရဲစခန်းမှ ရက်(၁၀၀)စီမံချက်ကာလအတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့်ခိုးမှုများမဖြစ်ပွါးစေရေးအတွက် ရဲအုပ်
ပြုံးချိုအပါအ၀င် တပ်ဖွဲ့ဝင်(၄)ဦးသည် သက်သေများနှင့်အတူ ညဥ့်နက်လှည့်
ကင်းတာဝန်ဆောင်ရွက်နေစဉ် (မိုးသည်းထန်စွာရွာသွန်းနေချိန်) ၁၆.၆.၂၀၁၆ရက်နေ့ နံနက် ၀၄.၀၅အချိန်ခန့်တွင် မအူပင်မြို့၊ အမှတ်(၁၂)ရပ်ကွက်ရှိ တိုးဧရာလမ်းကြားတွင်
မော်တော်ယာဉ်အမှတ်- 9J/5616 Probox အဖြူရောင်အနီးတွင် ၁၆ယ/၈၀၀၇၄ ၊ shogon 125 အပြာရောင်ဆိုင်ကယ်နှင့် ၄၄ယ/၉၇၅၃၅၊ Click 125 ၊ အဖြူရောင် မော်တော်
ဆိုင်ကယ်နှင့်အတူ လူ(၄)ဦးအားမသင်္ကာဖွယ်ရာတွေ့ရှိသဖြင့် ၀င်ရောက်မေး
မြန်းစဉ် ၄င်းတို့(၄)ဦးမှာ ရုတ်တရက်ထွက်ပြေးသဖြင့် ၀ိုင်းဝန်းဖမ်းဆီးကြရာ
(၁) ဇင်မျိုးထွဋ်(ခ)မျက်မှန်လေး၊ (၂၄)နှစ်၊ (ဘ)ဦးသန့်ဇင်ဦး၊ ၁၂/သဃက(နိုင်)၁၈၀၂၈၆၊ ယာဉ်မောင်း-အမှတ်(၆၇)၊ ခူး(၂)လမ်း၊
၅(ခ)ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး ၊
(၂) ဇော်မျိုးထက်၊ (၂၁)နှစ်၊ (ဘ)ဦးအုန်းညွန့်၊ ၁၄/မအပ(နိုင်)၃၃၈၈၀၃၊ ကျဘမ်း၊ ဇဗူ ရစ်ရွှေစင်လမ်း၊ (၃၃)ရပ်ကွက်၊ ဒဂုံမြောက်ပိုင်းမြို့နယ်၊ ရန်ကုန်
တိုင်းဒေသကြီး ၊
(၃) ကျော်ဇေယျ၊ (၁၇)နှစ်၊ (ဘ)ဦးမြင့်လေးလွင် ၊ မပတ-မရှိ၊ ကျဘမ်း၊ အမှတ်
(၈၇/A)(၃၃)ရပ်ကွက်၊ ဒဂုံမြောက်ပိုင်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးနေသူတို့ (၃)ဦးအား ဖမ်းဆီးရမိခဲ့ပြီး
ဒဂုံမြောက်ပိုင်းနေ ဘိုဘိုဆိုသူမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါသည်။
မော်တော်ယာဉ်အမှတ်- 9J/5616 Probox အဖြူရောင်ယာဉ်အားစစ်ဆေးရာ
ယာဉ်၏နောက်ဘက်ရှိထိုင်ခုံများအား အသင့်ဖြန့်ခင်းထားပြီး နောက်ဖုံးအား
ဖွင့်ကာ ၁၆ယ/၈၀၀၇၄ ၊ shogon 125 အပြာရောင်ဆိုင်ကယ်နှင့် ၄၄ယ/၉၇၅၃၅၊ Click 125၊ အဖြူရောင် မော်တော်
ဆိုင်ကယ်တို့အား တင်ဆောင်ရန်ပြင်ဆင်နေချိန်တွင် လှည့်ကင်းအဖွဲ့မှ တွေ့ရှိခြင်းဖြစ်ပါသည်။
တွေ့ရှိရသော ဆိုင်ကယ်(၂)စီးမှာ သော့များမပါရှိသဖြင့် စိစစ်
မေးမြန်းရာ ဆိုင်ကယ်(၂)စီးကို မည်သို့ပိုင်ဆိုင်ကြောင်း အထောက်အထားတစ်စုံတရာပြသ ပြောဆိုနိုင်ခြင်းမရှိ၍ ၄င်းဆိုင်ကယ်(၂)
စီးအား နေအိမ်အဆောက်အဦး တစ်ခုခုအတွင်းမှ ခိုးယူလာသည်ဟု မသင်္ကာပါသဖြင့် သက်သေများရှေ့တွင် သိမ်းဆည်းကာ သက်သေခံပစ္စည်းများနှင့်အတူ ၄င်းတို့
(၃)ဦးအား ရဲစခန်းသို့ခေါ်ဆောင်ကာ ရဲအုပ်ပြုံးချိုမှ တရားလိုပြုလုပ်၍ မအူပင်မြို့မရဲစခန်း၊ (ပ)၂၃၈/၂၀၁၆၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ-၃၈၀/ကျင့်-၅၄
ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက် အမှုမှထွက်ပြေးလွတ်မြောက်သွားသော တရားခံဘိုဘိုအား အမြန်ဆုံးဖမ်းဆီး
ရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည် ။
စစ်ဆေးဖော်ထုတ်ချက်အရ မအူပင်မြို့ ၊ အမှတ်(၁၂)ရပ်ကွက် ၊ မြို့သစ်(၃)လမ်းရှိ တစ်ထပ်တိုက် လုံချင်းနေအိမ်းခြံဝန်းအတွင်းသို့ ခြံစည်းရိုး ကျော်နင်းဝင်ရောက်ကာ ခြံစည်းရိုး သံပန်းတံခါး သော့ခလောက်ကို ကပ်တာဖြင့်ဖြတ်၍ ထိုင်းနိုင်ငံထုတ် ဆိုင်ကယ်နှစ်စီးအား ခိုးယူခဲ့ခြင်းဖြစ်ကြောင်း နှင့် ဖမ်းဆီးရမိသူ (၃)ဦးအနက် တစ်ဦးသည် မအူပင်မြို့နယ် ၊ အိုင်ဝိုင်းကျေးရွာအုပ်စု ၊ မရမ်းရိုးကျေးရွာမှ ရန်ကုန်တိုင်းဒေသကြီး ၊ ဒဂုံမြောက်ပိုင်းမြို့နယ်သို့ ပြောင်းရွေ့နေထိုင်သူဖြစ်ကြောင်း သိရသည် ။
ကိုးကား - ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး







No comments:

Post a Comment