Latest News

Friday, June 17, 2016

ဦးလေးဦးတင်အောင်သာဓုခေါ်ပါ။


ဦးလေးဦးတင်အောင်သာဓုခေါ်ပါ။
၁၉၈၉ခုနှစ်က ပါ..NLDရဲ့ ဧရာဝတီတိုင်းခရီးစဉ်မှာပါ..
အဲ့တုန်းက..နတခ တိုင်းမှူး.ဗိုလ်မြင့်အောင်က ဖြတ်၎ ဖြတ်လုပ်ခဲ့ပါတယ်..
ပုသိမ်ကိုဒေါ်အောင်ဆန်းစုကြည်နဲ့အတူရန်ကုန်က လိုက်ပါလာတဲ့ဦးဝင်းထိန် တို့ အပါအ၀င်..
NLD ရဲဘော် တွေကိုကျွေးဖို့..ဆန်ရိက္ခာ တွေလိုအပ်နေခဲ့ပါတယ်။
ဒါကို.. NLD ပုသိမ်မြို့နယ်စည်းရုံးအဖွဲ့ဝင် နှစ်ဦး ဖြစ်တဲ့ ဆန်ကုန်သည် များအသင်း ဥက္ကဌ ဦးတင်
အောင်ရယ်...၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်မှာပါတီက ထုတ်ပယ်ခံခဲ့ရတဲ့ ပုသိမ်ခရိုင် အတွင်းရေး
မှူး ဦးကျော်ကျော် ၀င်းရယ်..ပုသိမ်မြို့က ထိတ်ထိတ်ကျဲကျဲသူဌေး တစ်ဦးထံ အလျူ ခံဘူးတယ်..။
သူဌေးဖြစ်သူကပြောတယ်..အထျူခံဖြတ်ပိုင်းထဲမယ်မရေးပါနဲ့တဲ့ပြောပြီး.သူအလျူငွေရက်ရက်ရောရော
ထည့်လျူခဲ့ပါတယ်..။

ပြား၅၀..ပါ..ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ပေါ့ဗျာ..။
ဒီလို့နဲ့ ၁၉၉၀ ရွေးကောက်ပွဲမှာ NLD တောင်ပြိုကမ်းပြို နိုင်ပါတယ်။
အဲဒိတော့NLD တိုင်းရုံးက ကိုမောင်မောင်မျိုးမြင့်(ဦးဘမင်းသားရဲ့)အိမ် မရမ်းချိုမှာပါ..။
အဲ့ဒိတော့ သူဌေးမင်းရောက်လာတာတွေ့ရတယ်..။
ဦးတင်အောင်ကိုဆြာကီးတွေအကြိမ်ကြိမ်ခေါ်နေတာသောက်ညစ်ကပ်စရာအတော်ကောင်းရော.ဗျာ.။.
ဒီလိုနဲ့ ဂန္ဓီ ညီလာခံအပြီးမှာစစ်အာဏာ၇ှင် တွေရဲ့မင်းသားခေါင်းဆောင်းတဲ့ ဘီလူးရုပ်ပေါ်လာပါတယ်။
အဲဒိအချိန်မှာ..တိုင်းရုံးကိုလာပြီးဆြာကီးခေါ်သူက NLD ပါတီဝင်တွေနဲ့ လက်ဖက်ဆိုင် မှာဘေးချင်း
ကပ်တောင် ထိုင်ဖို့နေနေသာသာတွေ့တာနဲ့ပြေးရောဗျို့...။
ခုတော့. ၂၀၁၆ ခုနှစ်...ဒေါ်စု၇၁ နှစ် မွေးနေ အမှတ်တရ မြို့လုံးကျွတ် ဆွမ်းလောင်းပွဲ လုပ်ဖို့.NLD ချစ်သူတွေ..ဒေါ်စု ကိုချစ်ခင်လေးစားသူတွေ ..ရဲ့အလယ်မှာ..။
"ဦးတင်အောင်ရေ ဦးလေးရဲ့လူကြီးကို ကျုပ်တွေ့တယ်ဗျ..
သူအမျိုးတွေလည်းပါသဗျို့...ဦးလေးရောက်ရာအရပ်က သာဓုခေါ်ဗျာ ဒိတစ်ခါလျူတာ ပြား၅၀ မဟုတ်ဗျို့ .."
ကျုပ်ကတော့..ဒေါင်းယောင် ကျီးယောင် ဘာကောင်ဖြစ်ဖြစ်ဗျာ..။
ကျုပ်ကိုဦးလေးခွင့်လွှတ်ပါ..စိတ်ဓါတ်ပျော့ညံ့တဲ့ နိုင်ငံရေးသမားဟာဓနရှင်တွေရဲ့ေ၇ှ့မှောက်မှာ ဒူးထောက်ဖို့..၀န်မလေးသလို..ကိုယ်ကျိုးသာကြည့်တတ်တဲ့ ဓနရှင်ဟာလည်း..
အာဏာရနိုင်ငံရေးသမားကို အရှက်တရားမဲ့စွာချည်းကပ်တတ်ပါတယ်။
မှတ်မှတ်ရရဖြစ်သွားရတဲ့ ဖြစ်စဉ်ပါ တမလွန်က ဦးလေးဦးတင်အောင်သာဓုခေါ်ပါတော့...။
မြင့်စိုး..။သာပေါင်းမြို့နယ် NLD တာဝန်ခံဟောင်း(၁၉၈၈)
Karlu Soe

No comments:

Post a Comment