( ဧရာဝတီတိုင်းဝန်ကြီးချုပ် မန်းဂျော်နီကိုလျော်ကြေးငွေပေးအပ်ပွဲအခမ်းအနားတွင်တွေ့ရစဉ် )
ဟသာင်္တ-ညောင်တုန်း မီးရထားလမ်းဖောက်လုပ်ရာမှာ သိမ်းယူခံထားရတဲ့ ဧရာဝတီတိုင်း၊ ဇလွန်မြို့နယ်က လယ်ယာမြေဧက ၂၀၀ ကျော်အတွက် လျော်ကြေးငွေကျပ်သိန်း ၇၃၀၀ နီးပါးကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမန်းဂျော်နီက ဒေသခံ တောင်သူတွေထံ မနေ့က ပြန်လည်ပေးအပ် ခဲ့ပါတယ်။
လယ်မြေ တစ်ဧကကို ငွေကျပ် ၁၈ သိန်းနှုန်းနဲ့ လျော်ကြေးပေးတာဖြစ်ပြီး သီးနှံနဲ့ အဆောက်အဦးတွေ အတွက်လည်း လျော်ကြေးပေးတာဖြစ်တယ်လို့ ဇလွန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်ထွန်း က ပြောပါတယ်။
ဇလွန်မြို့နယ် မြို့ပေါ်ရပ်ကွက်တစ်ခု နဲ့ ကျေးရွာအုပ်စု ၈ အုပ်စုက တောင်သူ ၂၁၇ ဦး ပိုင်ဆိုင်တဲ့ လယ်မြေဧက ၂၀၀ ကျော်အတွက် လျော်ကြေးတွေပြန်ပေးတာဖြစ်ပါတယ်။
ဒါ့အပြင် မတ်ပဲ၊ ကွမ်းနဲ့ ၀ါသီးနှံတွေအတွက်လည်း ကာလပေါက်ဈေးနဲ့တွက်ပြီး လျော်ကြေး ပေးတာဖြစ်ပါတယ်။
အဲ့ဒီလျော်ကြေးငွေတွေကို ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးဆောင်တဲ့ အစိုးရအဖွဲ့က ဇလွန်မြို့မှာ မနေ့က ပြန်လည်ပေးအပ်လိုက်တာ ဖြစ်ပါတယ်။
အဲဒီမီးရထားလမ်းစီမံကိန်းကို လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်က စတင်ဖောက်လုပ်ခဲ့တာဖြစ်ပြီး ၂၀၁၄ ခုနှစ် မေလမှာ စတင်ပြေးဆွဲခဲ့ပြီး ရထားလမ်းမြေတွေ ပြိုကျတာကြောင့် ပြေးဆွဲမှုကို ရပ်နားထားခဲ့ပါတယ်။
RFA
Wednesday, June 22, 2016
သိမ်းယူထားတဲ့ လယ်ယာမြေတွေအတွက် လျော်ကြေးပြန်လည်ပေးအပ်
Labels:
Gov,
Mahn Johnny,
News,
Zalun,
လယ်သိမ်းမြေသိမ်း
သိမ်းယူထားတဲ့ လယ်ယာမြေတွေအတွက် လျော်ကြေးပြန်လည်ပေးအပ်
Reviewed by timeayeyar
on
7:13 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment