Latest News

Friday, June 3, 2016

မြန်အောင်မြို့ တာခွတဲကြီးကုန်းကျေးရွာ ဘိုးရာဇာ စာကြည့်တိုက် ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုနှင့်ကွန်ပျူတာသင်ကြားရေးခန်းမ ဖွင့်ပွဲ


မြန်အောင်မြို့ တာခွတဲကြီးကုန်းကျေးရွာ ဘိုးရာဇာ စာကြည့်တိုက် ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုနှင့်ကွန်ပျူတာသင်ကြားရေးခန်းမ ဖွင့်ပွဲအခမ်းအနား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမန်းဂျော်နီ တက်ရောက်အားပေးဖွင့်လှစ်
မြန်အောင် ၊ ဇွန် ၃
မြန်အောင်မြို့ တာခွတဲကြီးကုန်းကျေးရွာ ဘိုးရာဇာ စာကြည့်တိုက် ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုနှင့်ကွန်ပျူတာသင်ကြားရေးခန်းမ ဖွင့်ပွဲအခမ်းအနားကို ဇွန် ၃ ရက်နေ့က ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမန်းဂျော်နီ တက်ရောက်အားပေး ချီးမြှင့်သည်။ ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမန်းဂျော်နီ ၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ၊တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့်တိုင်းခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက ဘိုးရာဇာ စာကြည့်တိုက်အတွင်းကြည့်ရှု့ကြသည်။ ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုနှင့်ကွန်ပျူတာ သင်ကြားရေးခန်းမ ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးအောင်ကျော်ခိုင်၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်ဂါ့မိုးမြတ်မြတ်သူ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးလှကျော်၊ အလှူရှင် ဦးနေလင်းတို့က ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုကို အမွှေးနံသာရေများ ပက်ဖြန်းပေးကြသည်။ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမန်းဂျော်နီက ကွန်ပျူတာ သင်ကြားရေးခန်းမအား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးပြီး ကျေးရွာမှလူငယ်များ ကွန်ပျူတာသင်ကြားနေသည်ကို ကြည့်ရှု့အားပေးခဲ့သည်။


ထို့နောက် ဝန်ကြီးချုပ် ဦးမန်းဂျော်နီက အ.ထ.က တာခွ တွင် စာသင်ခန်းရှိ ကျောင်းသား/ ကျောင်းသူများနှင့် တွေ့ဆုံ၍ ထူးချွန်ထက်မြက်သော ကျောင်းသား/ကျောင်းသူများ ဖြစ်အောင်ကြိုးစားကြရန် တွေ့ဆုံအားပေးစကား ပြောကြားပြီး အ.ထ.က တာခွ ခန်းမတွင်ကျင်းပပြုလုပ်သည့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်သည်။ အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဝေက မြို့နယ်ဆိုင်ရာ အချက်အလက်များ ကိုတင်ပြခြင်းနှင့်ကျေးဇူးတင်စကားပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးအောင်ကျော်ခိုင် ၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်ဂါ့မိုးမြတ်မြတ်သူနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးလှကျော်တို့က အမှာစကား အသီးသီးပြောကြားကြပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမန်းဂျော်နီက လမ်းညွှန်အမှာစကားပြောကြားသည်။ ထို့နောက် တက်ရောက်လာသော ဒေသခံပြည်သူများက ဒေသလိုအပ်ချက်များကို တင်ပြရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးလှကျော်က ပြန်လည်ရှင်းလင်းပြောကြားခဲ့ သည်။

Win Bo



  






No comments:

Post a Comment