Latest News

Friday, June 3, 2016

ရွှေဆွဲကြိုးအတုလိမ်ညာပေါင်နှံသူများကို ဖျာပုံတွင်ဖမ်းဆီး


၂.၆.၂၀၁၆ရက်နေ့ ၀၇၄၅အချိန်ခန့်တွင်ဖျာပုံမြို့၊ အမှတ်(၉)ရပ်ကွက်၊ ဆုလတ်ကျော်အမိန့်ရ အပေါင်ဆိုင်
တွင် ပိုင်ရှင်ဖြစ်သူ ကိုကျော်မိုးအောင်(သ)၄၂နှစ်၊ (ဘ)ဦးစံမောင်၊ အပေါင်ဆိုင်လုပ်ငန်းလုပ်ကိုင်သူသည် ၄င်း၏ဆိုင်၌ရှိနေစဉ်ယခင်က ၄င်း၏အပေါင်ဆိုင်သို့ရွှေထည်ပစ္စည်းများလာရောက်
ပေါင်နှံဖူးသူ ဖျာပုံမြို့၊ အမှတ်(၁၈)ရပ်ကွက်နေ ခင်မြတ်မွန်ရောက်ရှိလာပြီး ၄င်း၏ခင်ပွန်းတိုးတက်အောင်မှာ ဆိုင်ထဲသို့မ၀င်ဘဲ ဆိုင်အပြင်မှ စောင့်နေကာ အလေးချိန်(၁၄)ပဲသားရှိ အမ်စီ ဆွဲကြိုး(၁)ကုံးအား
လာရောက်ပေါင်နှံသဖြင့် ဆွဲကြိုးအားစစ်ဆေးရာ ဆွဲကြိုး၏ချိတ်နေရာတွင်( 15 TK )စာတန်းပါရှိပြီး
ဆွဲကြိုးမှာအတုဖြစ်နေကြောင်းစစ်ဆေးတွေ့ရှိရ၍ ရဲစခန်းသို့အကြောင်းကြားခဲ့ပြီးစစ်ဆေးခဲ့ရာ



၁။ ခင်မြတ်မွန်(သ)၂၂နှစ်၊(ဘ)ဦးအောင်မြိုင်၊ကျဘမ်း၊(၁၈)ရပ်ကွက်၊ ဖျာပုံမြို့
၂။တိုးတက်အောင်(သ)၂၄နှစ်၊(ဘ)ဦးယဉ်ထွေး၊ကျဘမ်း၊(၁၈)ရပ်ကွက်၊
ဖျာပုံမြို့
၃။ ဒေါ်အေးမြိုင် (သ)၄၃နှစ်၊ (ဘ)ဦးမင်းလွင်၊ကျဘမ်း၊ သင်္ဃန်းကျွန်းမြို့နယ်၊
ရန်ကုန်မြို့နေသူတို့ (၃)ဦးမှ ပူးပေါင်းကြံစည်‌ ပေါင်နှံခဲ့ကြောင်း သိရှိခဲ့ရပါသည်။

ကိုသက်မိုးအောင်၏ အပေါင်ဆိုင်သို့ ယခင်ကလည်း တရားခံများမှ နာမည်အတုများဖြင့်
၁။ အလေးချိန်(၁၃)ပဲ(၇)ရွေးရှိ MC ရွှေဆွဲကြိုး(၁)ကုံး၊ ပေါင်နှံငွေ(၅၀၀၀၀၀)ကျပ်
၂။ အလေးချိန်(၁၂)ပဲ(၄)ရွေးရှိ MC ရွှေဆွဲကြိုး(၁)ကုံး၊ ပေါင်နှံငွေ(၄၅၀၀၀၀)ကျပ်
၃။ အလေးချိန်(၁၄)ပဲ(၅)ရွေးရှိ MC ရွှေဆွဲကြိုး(၁)ကုံး၊ ပေါင်နှံငွေ(၅၅၀၀၀၀)ကျပ်
၎။ အလေးချိန်(၁)ကျပ်(၆)ရွေးရှိ MC ရွှေဆွဲကြိုး(၁)ကုံး၊ ပေါင်နှံငွေ(၆၀၀၀၀၀)ကျပ်
၅။ အလေးချိန်(၁၄)ပဲရှိ MC ရွှေဆွဲကြိုး(၁)ကုံး၊ ပေါင်နှံငွေ(၄၈၀၀၀၀)ကျပ်
၆။ အလေးချိန်(၁၄)ပဲ(၂)ရွေးရှိ MC ရွှေဆွဲကြိုး(၁)ကုံး၊ ပေါင်နှံငွေ(၄၃၀၀၀၀)ကျပ်
၇။ အလေးချိန်(၁၄)ပဲရှိ MC ရွှေဆွဲကြိုး(၁)ကုံး၊ ပေါင်နှံငွေ(၄၈၀၀၀၀)ကျပ်
၈။ အလေးချိန်(၁၃)ပဲ(၁)ရွေးရှိ MC ရွှေဆွဲကြိုး(၁)ကုံး၊ ပေါင်နှံငွေ(၄၅၀၀၀၀)ကျပ်
၉။ အလေးချိန်(၁၂)ပဲ(၄)ရွေးရှိ MC ရွှေဆွဲကြိုး(၁)ကုံး၊ ပေါင်နှံငွေ(၄၀၀၀၀၀)ကျပ်
၁၀။ အလေးချိန်(၁၁)ပဲ(၅)ရွေးရှိ MC ဟမ်းချိန်း(၁)ခု၊ ပေါင်နှံငွေ(၃၅၀၀၀၀)ကျပ်
၁၁။ အလေးချိန်(၁)ကျပ်သားရှိ MC ရွှေဆွဲကြိုး(၁)ကုံး၊ ပေါင်နှံငွေ(၅၅၀၀၀၀)ကျပ်
၁၂။ အလေးချိန်(၁၁)ပဲ(၆)ရွေးရှိ MC အရည်ကျိုရွှေတုံး(၁)တုံး၊ ပေါင်နှံငွေ(၃၀၀၀၀၀)ကျပ်
၁၃။ အလေးချိန်(၁၂)ပဲ(၂)ရွေးရှိ MC ရွှေဆွဲကြိုး(၁)ကုံး၊ ပေါင်နှံငွေ(၃၀၀၀၀၀)ကျပ်
၁၄။ အလေးချိန်(၁၅)ပဲ(၂)ရွေးရှိ MC ရွှေဆွဲကြိုး(၁)ကုံး၊ ပေါင်နှံငွေ(၅၇၀၀၀၀)ကျပ်
၁၅။ အလေးချိန်(၁၃)ပဲရှိ MC ရွှေဆွဲကြိုး(၁)ကုံး၊ ပေါင်နှံငွေ(၄၅၀၀၀၀)ကျပ်
၁၆။ အလေးချိန်(၁၁)ပဲရှိ MC ရွှေဆွဲကြိုး(၁)ကုံး၊ ပေါင်နှံငွေ(၄၀၀၀၀၀)ကျပ်
၁၇။ အလေးချိန်(၁၁)ပဲရှိ ဟမ်းချိန်း(၁)ခု၊ ပေါင်နှံငွေ(၄၀၀၀၀၀)ကျပ်
၁၈။ အလေးချိန်(၁၂)ပဲ(၅)ရွေးရှိ MC ရွှေဆွဲကြိုး(၁)ကုံး၊ ပေါင်နှံငွေ(၄၀၀၀၀၀)ကျပ်
စုစုပေါင်းတန်ဖိုးငွေ သိန်း(၈၀)နှင့်(၆)သောင်းကျပ်တန်ဖိုးရှိ ပစ္စည်းရွှေအတုဆွဲကြိုးများအားလာရောက်
ပေါင်နှံပြီး အခြားရွှေဆိုင်(၁)ခု၏ (15TK) စာတမ်းအမှတ်အသား အတုပြုလုပ်၍ လိမ်လည်ပေါင်နှံခဲ့သူ
မခင်မြတ်မွန်ပါ(၃)ဦးအား အရေးယူပေးပါရန်တိုင်တန်းခဲ့ရာ ဖျာပုံမြို့မရဲစခန်း(ပ)၁၇၈/၂၀၁၆၊ ပြစ်မှုပုဒ်မ-၄၂၀/၄၆၈/၁၁၄အမှုဖွင့် အရေးယူပြီး စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။

Ayeyarwaddy region police force 

No comments:

Post a Comment