Saturday, June 25, 2016
တိုင်းလွှတ်တော် ဥက္ကဋ္ဌနှစ်ဦး နားလည်မှုလွဲနေကြောင်း ကိုယ်စားလှယ်က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကို တိုင်
စည်သူမောင်မောင်
ပုသိမ်၊ ဇွန် ၂၅ ။ ။ ပြည်သူလွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲတွင် ဝါးခယ်မ မြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ် ဒေါ်မြင့်မြင့်စန်းက တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌကြား နားလည်မှုလွဲနေကြောင်း တိုင်ကြားခဲ့သည်။
"ဧရာဝတီတိုင်း ဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌကြားမှာ နားလည်မှုလွဲနေတာလည်းကြားသိနေရ ပါ တယ်၊ ကျွန်တော်တော့ အခြေအနေတွေကိုတော့ ပြောမပြချင်ပါဘူး၊ အချိန်ရမယ်ဆိုရင် ကျွန်တော်တို့တိုင်းဒေ သကြီးက လွှတ်တော် ဥက္ကဋ္ဌတွေနဲ့ တွေ့ပြီးတော့ ညှိနှိုင်းပေးသွားပါရန်" ဟု ဝါးခယ်မမြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စန်းက ပြည်သူလွှတ်တော်ဥက္ကဋ္ဌအား တင်ပြခဲ့သည်။
ဇွန်လ၂၄ရက်နေ့က ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ တွင်ပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ် စား လှယ်များနှင့် ပြည်သူ့လွှတ်တော် ဥက္ကဌတို့ တွေ့ဆုံပွဲတွင် ယခုကဲ့သို့ တင်ပြခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ တင်ပြချက်နှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက လွှတ်တော် ဒုတိယ ဥက္ကဋ္ဌသည် ဥက္ကဋ္ဌကို တာဝန်ခံရမည်ဟု လွှတ်တော်နည်းဥပဒေတွင် ပြဌာန်းထားပြီး ဖြစ်ပြီး ယခုကဲ့သို့ မဖြစ်သင့်ကြောင်း ပြောကြား ခဲ့သည်။
"ဥက္ကဋ္ဌ ဒုဥက္ကဋ္ဌက အချင်းချင်း နားလည်မှုလွဲတယ်ဆိုရင် လွှတ်တော်ကို ဘယ်လိုထိန်းမလဲ။ ဒုဥက္ကဋ္ဌသည် ဥ က္ကဋ္ဌကို တာဝန်ခံရမယ်၊ ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌသည် အပြိုင်မဟုတ်ဘူး။ ပေးထားခဲ့တုန်းက ဒုဥက္ကဋ္ဌ၊ ဥက္ကဋ္ဌ (၁)၊ ဥ က္ကဋ္ဌ(၂) မဟုတ်ဘူး၊ တိုင်းလွှတ်တော် ဘယ်လွှတ်တော်ကိုယ်စားလှယ်မဆို စာရေးတင်ပါ။ အထောက်အထား နဲ့ တိုင်ပါ။ အမှားအမှန်ကို ကျွန်တော်တို့ဆုံးဖြတ်မယ်" ဟု ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောသည်။
ပြည်သူလွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့်သည် ဧရာဝတီတိုင်းဒေသကြီးသို့ ပထမဆုံအကြိမ်လာရောက်တွေ့ဆုံခင်းဖြစ်ပြီး လွှတ်တော် ကိုယ်စားလှယ်များ မေးခွန်း၊ အဆို၊ အရေးကြီးအဆိုများအကြောင်း ရှင်းလင်းပြီး၊တွေ့ဆုံပွဲသို့ တိုင်းအစိုးရ အဖွဲ့ဝင်ဝန်ကြီးများလည်း တက်ရောက်ခဲ့ကြသည်။
Mizzima
တိုင်းလွှတ်တော် ဥက္ကဋ္ဌနှစ်ဦး နားလည်မှုလွဲနေကြောင်း ကိုယ်စားလှယ်က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကို တိုင်
Reviewed by timeayeyar
on
4:26 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment