Latest News

Friday, June 24, 2016

တောင်သူများသို့ မြေယာပြန်လည် ပေးအပ်ခြင်းအခမ်းအနား


၂၅ ဇွန် ၂၀၁၆ ရက်နေ့ကဧရာဝတီတိုင်း ဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် တွင် တောင်သူများ ပိုင်ဆိုင်သည့် မြေဧက၆၄၃၄ ကျော်အား ပြန်လည်ပေးအပ်သည့်အခမ်းအနားကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့  လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ၊စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဒေါက်တာအောင်သူ ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးမန်းဂျော်နီနှင့်အစိုးရအဖွဲ့ဝင်များအပါအ၀င် အုပ်ချုပ်ရေး အာဏာပိုင်များနှင့် လယ်သမား ၃၀၀ ကျော် တက်ရောက် ခဲ့ကြောင်း သိရှိရသည်။။

ပြန်လည်ပေးအပ်သည့်မြေများမှာ ပန်းတနော်မြို့နယ်အတွင်းယုဇနကုမ္ပဏီမှ ပြန်လည်စွန့်လွှတ်သည့် ၃၁၆၆ ဧက နှင့် စက်မှုဝန်ကြီးဌာနမှ ပြန်လည်စွန့်လွှတ်သည့် ဖျာပုံမြိုနယ်အတွင်းမှ ၃၂၆၈ ဧက စုစုပေါင်း ၆၄၃၄ ဧကဖြစ်ပြီးတောင်သူပေါင်း ၃၂၄ ဦးကိုပြန်လည်ပေးအပ်ခြင်းဖြစ်သည်။

အဆိုပါမြေများကိုစိစစ်ရာတွင် စိုက်ပျိုးမြေ၊ဆားကွင်းမြေ၊စပါးစိုက်မြေ၊လမ်းမြေ၊စားကျက်မြေ၊ရွာမြေ၊မြေလွတ်မြေရိုင်း စသည်တို့ ပါဝင်ကြောင်းသိရှိရသည်။

ဇွန်လ ၂၁ရက်နေ့ ကလည်း ဟင်္သာတ-ညောင်တုန်း မီးရထားလမ်းဖောက်လုပ်ရာတွင် သိမ်းယူခံထားရသည့်ဧရာဝတီတိုင်း၊ ဇလွန်မြို့နယ်က လယ်ယာမြေဧက ၂၀၀ ကျော်အတွက် လျော်ကြေးငွေကျပ်သိန်း ရ၃၀၀ နီးပါးကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမန်းဂျော်နီက ဒေသခံ တောင်သူတွေထံ အခမ်းအနားဖြင့် ပြန်
လည်ပေးအပ်ခဲ့ပါသည်။

ယခုလိုကဲ့သို့  ယခင်အစိုးရလက်ထက်ကသိမ်းယူခဲ့သည့်မြေယာများအတွက် လျော်ကြေးများပေးအပ်ခြင်း၊
မြေယာများပြန်လည်ပေးအပ်ခြင်းများရှိနေသော်လည်းမဖြေရှင်းနိုင်သေးသည့်လယ်သိမ်း၊မြေသိမ်းကိစ္စများအတွက် ဧရာဝတီတိုင်း အစိုးရအဖွဲ့အားဆန္ဒပြမှု များရှိနေကြောင်းလည်း သိရှိရသည်။

ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးမန်းဂျော်နီက လယ်ယာမြေကိစ္စများပြေလည်အောင်ဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း၊သို့သော်ခေတ်အဆက်ဆက်သိမ်းယူခဲ့သည့်လယ်ယာမြေကိစ္စများကိုတမဟုတ်ခြင်းပြေလည်အောင်ဖြေရှင်းပေးနိုင်မည်မဟုတ်ကြောင်း၊ဖြေရှင်းနိုင်သူရှိက မိမိရာထူးမှနုတ်ထွက်ပေးမည်ဖြစ်ကြောင်းဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပြည်သူလူထု တွေ့ဆုံပွဲပြောကြားခဲ့သည်။

တိုင်းဧရာ



No comments:

Post a Comment