ဟင်္သာတ မေ ၁၅
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် ရွာသာကုန်းကျေးရွာအုပ်စု အုန်းကုန်းကျေးရွာ၌ မေ ၁၅ ရက် ညနေ ၄ နာရီအချိန်က နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့သည်။
အဆိုပါမီးလောင်မှုဖြစ်ပွားရာသို့ မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ် (၅)စီး၊ ရေသယ်ယာဉ်(၁)စီး၊ အထောက်အကူပြု ယာဉ်(၁)စီးနှင့် ဟင်္သာတခရိုင် မီးသတ် ဦးစီးမှူး ဦးစိုးနောင် ဦးဆောင်သော မီးသတ်တပ်ဖွဲ့များ အင်အား(၂၉)ဦးနှင့် မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးတိုးဝင်း၊ မြို့မရဲစခန်းမှူး ဒုရဲမှူး ခင်မောင်ထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ ကျေးရွာပြည်သူများ ၀ိုင်းဝန်းငြိမ်း သတ်မှုကြောင့် ညနေ ၄ နာရီ ၁၀ မိနစ်အချိန်တွင် မီးငြိမ်း သတ်နိုင်ပြီး နေအိမ်မီးဖိုချောင် ၀ါး၊ ထရံတို့သာ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်စဉ်မှာ ရွာသာကုန်းကျေးရွာအုပ်စု၊ အုန်းကုန်းကျေးရွာ ၀ါးခမောက်များ လုပ်ငန်း လုပ်ကိုင်သူ ဒေါ်လှလှ၏ နေအိမ် မီးဖိုချောင်၌ ရေနွေးအိုးတည်နေစဉ် အနီးရှိ ၀ါး၊ ထရံများကို မီးစွဲလောင် ခဲ့ခြင်း ဖြစ်ကြောင်း သိရပြီး မီးလောင်မှုကြောင့် လူနှင့်တိရိစ္ဆာန် ထိခိုက်ဆုံးရှုံးမှုမရှိကြောင်း သတင်းရရှိသည်။
ခရိုင်ပြန်/ဆက်(ဟင်္သာတ)
MOI
Sunday, May 15, 2016
ရေနွေးအိုးတည်ရာမှ နေအိမ်မီးဖိုချောင်မီးလောင်မှုဖြစ်ပွား
Reviewed by timeayeyar
on
4:54 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment