ဓာတ်ပုံ - ပြေကျော်/ဧရာဝတီ
ဧရာဝတီတိုင်းဒေသကြီး ကျွန်းညို ကြီး ခေါ် မိန်းမလှကျွန်း ဘေးမဲ့တောတွင် ကျက်စားလျက်ရှိသည့် ရေချိုရေငံစပ် မိကျောင်းများသည် ယခုနှစ်တွင် အကောင်ရေ ယခင်နှစ်ထက် များပြားလာဖွယ်ရှိကြောင်း မိန်းမလှကျွန်း ဘေးမဲ့တော သစ်တောဦးစီးထံမှ သိရသည်။ ယင်းမျိုးစိတ်မိကျောင်းများသည် ရှားပါးတိရစ္ဆာန် မျိုးစိတ်များ ဖြစ်ပြီး ယခု အချိန်တွင် အကောင် ရေ ၂၀၀ ကျော်ခန့် ရှိသည်။
ယင်းတို့ သည် မိန်းမလှ ဘေးမဲ့တောအတွင်း အဓိက ကျက်စားလျက် ရှိပြီး မိတ်လိုက်ချိန် ဖြစ်သည့် မေ ၊ ဇွန် ၊ ဇူလိုင်တို့ တွင် အနီးအနား ရှိ ကျေးရွာများ အထိ ပါ အစာရှာ ထွက်လေ့ရှိကြောင်းသိရသည်။ မိန်းမလှ
ကျွန်းအတွင်းတွင် တနိုင်တပိုင် ရေလုပ်ငန်းလုပ်ကိုင်ကြသူများလည်း ရှိနေသည်။ မိန်းမလှကျွန်းသည် အလျား ၁၇ မိုင် အနံ ၆ မိုင် အထိ ကျယ်ဝန်းပြီ မြေဧက ၃၃၇၇၉ ဧက ကျယ်ဝန်းသည်။ မိန်းမလှကျွန်းအတွင်း သဘာဝအတိုင်း နေထိုင်ကျင်လည် ကြသည့် ရှားပါး ရေချိုရေငံစပ် မိကျောင်းများအား သစ်တောဦးစီးဌာန၏ အကူအညီဖြင့် ဧရာဝတီက သွားရောက်မှတ်တမ်းတင် ရိုက်ကူးခဲ့သည်။
The Irrawaddy (Burmese Version)
No comments:
Post a Comment