Monday, May 23, 2016
မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြန်အောင်မြို့နယ် အညာစုကျေးရွာအနီး အင်ပင်-ကနောင်လမ်း ရေတိုက်စားပျက်စီး
မြန်အောင် ၊ မေ ၂၃
ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်တွင် မေ ၂၃ ရက်နေ့က မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့်
အင်ပင်အုပ်စု အညာစုကျေးရွာအနီး အင်ပင်-ကနောင်လမ်းတွင် ဂုံးပေါက်ဘေး လမ်းအရှည်(၃၅) ပေ၊
အကျယ် (၁၈)ပေ ရေတိုက်စားပျက်စီးသွားခဲ့ကြောင်းသိရှိရသည်။
ရေတိုက်စား၍ ပျက်စီးသွားသော နေရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဝေနှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးသိန်းမင်းတို့က သွားရောက်ကြည့်ရှု့ပြီး ဒေသခံပြည်သူများ သွားလာရေးအဆင်ပြေစေရန် ယာယီတံတားပြုလုပ် ပေးလျက်ရှိကြောင်းသိရှိရသည်။
MOI
မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြန်အောင်မြို့နယ် အညာစုကျေးရွာအနီး အင်ပင်-ကနောင်လမ်း ရေတိုက်စားပျက်စီး
Reviewed by timeayeyar
on
8:40 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment