Latest News

Monday, May 23, 2016

တောင်သူများအားစိုက်စရိတ်တိုးပေးရန် ဗဟိုဘဏ်မှငွေကျပ် ဘီလီယံ ၅၀၀ ချေးယူမည့်ကိစ္စ ပြည်ထောင်စုလွှတ်တော်အတည်ပြု


နေပြည်တော် ၊ မေ ၂၃
တောင်သူများအားစိုက်စရိတ်တိုးမြှင့်ချေးပေးနိုင်ရန် ဗဟိုဘဏ်မှ ငွေကျပ် ဘီလီယံ ၅၀၀ ချေးယူမည့်ကိစ္စကို ပြည်ထောင်စုလွှတ်တော်တွင်
ကန့်ကွက်သူမရှိအတည်ပြုခဲ့သည် ။
ထိုသို့ တောင်သူလယ်သမားများအားစိုက်စရိတ်တိုးမြှင့်ချေးပေးမည်ဖြစ်သော်လည်း လယ်ယာမြေပိုင်ဆိုင်ကြောင်းအထောက်အထားပြသည့် ပုံစံ ၇ မရှိသည့်အတွက်
စိုက်စရိတ်ချေးငွေထုတ်ယူရေးအခက်အခဲများစွာရှိကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များကပြောသည် ။
မေလ ၂၃ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များက လာမည့်ဘဏ္ဍာရေးနှစ်တွင်
စိုက်ပျိုးစရိတ်ချေးငွေအတွက် ငွေကျပ် ၅၀၀ ဘီလီယံကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ချေးယူခွင့် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပေးရန်
နိုင်ငံတော်သမ္မတကသဝဏ်လွှာပေးပို့မှုကို ဆွေးနွေးစဉ်တွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည် ။
“ပုံစံ ၇ ကိုမိဘအမည်ကနေသားသမီးအမည် ပြောင်းလဲလုပ်ဆောင်ရာမှာတရားမဝင်နည်းလမ်းတွေနဲ့ လုပ် ဆောင်နေရတယ်လို့ သိရပါတယ်၊
ချေးငွေဟာလည်း ၁၀ ဧကအထိသာချေးပေးတဲ့အတွက် ၁၀ ဧကအထက် ရှိတဲ့ တောင်သူတွေအနေနဲ့လည်းတရားမဝင်နည်းလမ်းတွေနဲ့ ချေးယူနေတယ်လို့ သိရပါတယ်” ဟု
အုတ်တွင်း မြို့နယ် ကိုယ်စားလှယ် ဒေါ်ချိုချိုကပြောသည်။
နိုင်ငံအနှံ့တွင်ပုံစံ၇မရှိသည့်ပြသနာများစွာရှိနေပြီးစိုက်စရိတ်ချေးငွေထုတ်ယူနိုင်ရန်ယင်းပုံစံ၇ စာအုပ်သည်အရေးကြီးဆုံးဖြစ်ကြောင်းလည်း
ကျောက်ပန်းတောင်းမဲဆန္ဒနယ်ကိုယ်စားလှယ်ဦးရွှေကိုကဆိုသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးဆည်မြောင်းဝန်ကြီးဌာန ဒေါက်တာအောင်သူက အထက်ပါကိစ္စနှင့်ပတ်သက်ပြီး
တချို့မြေနေရာများသည်စားကျက်မြေဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာနကပိုင်ဆိုင်သည့်မြေများ ဖြစ်ကြောင်း
တစ်ချို့မြေများသည်သစ်တောပိုင်မြေများမြေများဖြစ်သည်ဟု ဆိုသည်။
“သစ်တောနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကပိုင်ဆိုင်သောမြေများဖြစ်ပါတယ်၊ဒီအတွက်နှစ်ရှည်လများလုပ်ကိုင်စားသောက်တယ်လို့ပြောတဲ့ပြသနာဟာ
နိုင်ငံတော်အဆင့်အနေနဲ့ဖွဲ့စည်းပြီးသားရှိတဲ့အတွက်နောင်တစ်ချိန်မှာဒီပြသနာတွေကိုဖြေရှင်းပြီးတဲ့အချိန်ကျမှဆောင်ရွက်နိုင်ပါလိမ့်မယ်
လယ်ယာမြေမူဝါဒအရပုံစံ၇ရှိသူများသာစိုက်စရိတ်ချေးငွေထုတ်ယူနိုင်တယ် နိုင်ငံတော်၏ဘတ်ဂျက်၊တနည်းဆိုသော် ပြည်သူများနဲ့သက်ဆိုင်တယ်
ငွေကြေးမဆုံးရှုံးစေရန်ပုံစံ၇အားခိုင်မာမှုအခြေပြုရတာပါ”ဟု ဒေါက်တာအောင်သူကပြောကြားသည် ။
စိုင်းလမင်း
Popular

No comments:

Post a Comment