ဘောမိကျေးရွာသည် ရေပတ်လည်ဝိုင်းလျက်ရှိသော အခြေအနေ ဖြစ်ပါသည်။ ဟိုအရင်ကတည်းကပင် ရေတက်ရေကျ ရှိပါသည်။ ရေတက်လျင် ရွာရှိ နေအိမ်အချို့မှာ ရေနစ်မြှုပ်လျက်ရှိပါသည်။ ပုံမှန်အခြေအနေတွင် နေနေကြဖြစ်ပေမဲ့ ယခုကဲ့သို့ မုန်တိုင်းနှင့်ပတ်သက်သော အခြေအနေတွင် လွန်စွာစိုးရိမ်ရပါသည်။ ရေကြီးရက်ဆိုလျင် ရွာ၏အခြေအနေမှာ ရေထဲတွင် အိမ်ခေါင်လေးများပဲ ပေါ်နေပါသည်။
မုန်တိုင်းဒီရေတက်လာမည်ဆိုပါက ရွာရှိအိမ်ခြေအားလုံး နစ်မြှုပ်မည့်အခြေအနေ ရှိပါသည်။ မာလာမုန်တိုင်း တိုက်စဉ်အခါကလည်း ရွာလုံးကျွတ် ပျက်စီးနစ်မြှုပ်ခဲ့ရပါသည်။ ယခုကဲ့သို့ တိုးတက်လာသော ခေတ်နှင့်လျော်ညီစွာ မည်သို့ ကြိုတင်စီမံကာကွယ်ရမည်ကို ဝိုင်းဝန်းအကြံပြုစေလိုပါသည်။ တိုင်းဒေသကြီး အစိုးရအဖွဲ့မှလည်း ရောက်ရှိဖူးသည့်ဒေသဖြစ်သည့်အားလျော်စွာ ဒီဒေသ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စီမံချက်များ ရေးဆွဲပေးစေချင်ပါတယ်။ ဒေသခံပြည်သူများမှလည်း ဝိုင်းဝန်း၍ အပြည့်အဝ ဆောင်ရွက်ကြပါမည်။
Map & Photo
Linn Lae
22.5.2016
08:15 AM
Sunday, May 22, 2016
မုန်တိုင်းအလွန် ဘောမိကျေးရွာ၏ အခြေအနေ
Reviewed by timeayeyar
on
12:12 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment